ပုံမှန်အားဖြင့်တော့ ပညာသင်ကာလသုံးနှစ်ရှိ ဘွဲ့ဒီဂရီကို ပညာသင်ကာလတစ်နှစ် လျှော့ချကာ အပ်နှင်းပေးရန် ဗြိတိန်ပညာရေးဌာနက စီစဉ်ခြင်းဖြစ်သည်။
အစဉ်အလာအရ ပညာသင်ကာလသုံးနှစ်ရှိရာမှ နှစ်နှစ်သို့ လျှော့ချပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးစရိတ် အမေရိကန်ဒေါ်လာ ၃၄၀၀၀ ခန့် သက်သာရာ ရောက်စေမည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံ၌ အစိုးရအဖွဲ့က ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပြုချက်များ ပေါ်ထွက်လာပြီး အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ်ကို ဆွေးနွေးတိုင်ပင်မှုများ ပြီးစီးချိန် ဖေဖော်ဝါရီလတွင် ပေါ်ထွက်လာမည်ဖြစ်သည်။
ပညာသင်ကာကို လျှော့ချကာ တက်သုတ်ရိုက်သင်ကြားပို့ချပေးမည့် ဘွဲ့ဒီဂရီများသည် အစဉ်အလာအရ အပ်နှင်းပေးသော ဘွဲ့ဒီဂရီများ နည်းတူပင် ပေမီဒေါက်မီ ဘွဲ့ဒီဂရီဖြစ်လိမ့်မည် ဖြစ်သည်။
ပညာသင်ကာ ပိုမိုတိုတောင်းလင့်ကစား ဘွဲ့ဒီဂရီဆိုင်ရာ စံနှုန်းများအရ နိမ့်ကျမည်မဟုတ်ကြောင်း ပညာရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးအရ ပြောကြားသည်မီ ဘွဲ့ဒီဂရီဖြစ်လိမ့်မည် ဖြစ်သည်။
ပညာသင်ကာလ နှစ်နှစ်ဖြင့် ဘွဲ့ရရှိသူသည် သုံးနှစ်ဖြင့် ဘွဲ့ရရှိသူထက် ကျူရှင်ခ ဒေါ်လာ ၇၄၀၀ မျှ သက်သာမည်ဖြစ်သည်။
ဘွဲ့ရရှိပြီးနောက် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သော ပထမနှစ်အတွင်း ပျမ်းမျှ ၀င်ငွေ ဒေါ်လာ ၂၅၀၀၀ ကို ရရှိနိုင်ကြောင်း ပြောခွင့် ပုဂ္ဂိုလ်က ပြောကြားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: ကြေးမှုံ