အခြေခံပညာ ဦးစီးဌာနလက်အောက်ရှိ ရာထူးတိုး အပြောင်းအရွှေ့များ ဇွန်လ ဒုတိယပတ်တွင် ပြုလုပ်မည်

အခြေခံပညာ ဦးစီးဌာနလက်အောက်ရှိ ရာထူးတိုး အပြောင်းအရွှေ့များ ဇွန်လ ဒုတိယပတ်တွင် ပြုလုပ်မည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၏ ရာထူးတိုး အပြောင်းအရွှေ့များကို လာမည့် ဇွန်လ ဒုတိယပတ်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ရာထူးကြီးသူများအား ဦးစွာပြုလုပ်သွားမည်ဖြစ်ပြီး အစဉ်လိုက် အဆင့် တိုး/ပြောင်း များကို ဆက်လက် ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လက်ရှိတွင် အခြေခံပညာ ဦးစီးဌာန၏ ရာထူးတိုး အပြောင်းအရွှေ့များ မပြုလုပ်ရသေးသည့်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက သင်တန်းဆင်းထားသော လုပ်ငန်းခွင် အကြို မူလတန်းပြ ဆရာ အတတ်ပညာ သင်တန်းဆင်း ငါးထောင်ကျော်နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ ဒီပလိုမာသင်တန်း ဆင်း ငါးထောင်ကျော်တို့ကို ခန့်အပ်ထားနိုင်ခြင်းမရှိသေးသလို၊ အခြေခံပညာမူလတန်းကျောင်းများအတွက် လိုအပ်နေသော မူလတန်းပြရာထူးနေရာများအတွက် နေ့စားလပေးများကိုလည်း ခန့်ထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရာထူးတိုး အပြောင်းအရွှေ့က အရင်ဆုံး ထိပ်ပိုင်းကနေ စလုပ်ရမှာ ဖြစ်ပါတယ်။

ဥပမာ- ထက်အုပ်ကနေ လက်ထောက်ပညာရေးမှူး၊ လယ်အုပ်ကနေ အထက်တန်းပြ၊ မူအုပ်ကနေ အလယ်တန်းပြ၊ အလယ်တန်းပြကနေ အထက်တန်းပြ၊ မူလတန်းပြကနေ အလယ်တန်းပြ စသဖြင့် အဆင့်ဆင့်တိုးပြီးရင် အောက်မှာ မူလတန်း ပြကသွားလိုမယ်။ အဲဒီတော့မှ လိုအပ်ချက် ဘယ်လောက်ရှိ တယ်ဆိုတာ သိပြီးတော့ သင်တန်းဆင်းတွေခန့်ပြီး ဘယ်လောက်နေ့စားခန့်ရမယ်ဆိုတာ သိရမှာပါ။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ စုစုပေါင်း လေးသိန်းဝန်းကျင်တွင် ရှိညပီး ကျောင်းပေါင်း လေးသောင်းခွဲကျော် ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 43647 times