အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော သင်ကြားရေး ဆရာ ဆရာမများ၏ သုတေသန စာတမ်းများကို ဘာသာရပ်အလိုက်၊ ရာထူးအလိုက် အမှတ် အများ အနည်း တန်းစီ၍ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန Website တွင် ဖေါ်ပြနိုင်ရန်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် ကျောင်း အုပ်ကြီး များနှင့် သင်ကြားရေး ဝန်ထမ်းများ၏ လုပ်သက် တစ်လျောက်ရေးသားပြုစုခဲ့ပြီး ၃၁-၁၂-၂၀၁၈ ရက်နေ့အထိ ပုံနှိပ်ထုတ်ဝေပြီးသော အောက်ဖော်ပြပါ သုတေသနဂျာနယ်များတွင် ရေးသားထားသော သုတေသန စာတမ်းများကို ပူးတွဲပါ ပုံစံတွင် ဖြည့်စွက်၍ အဆင့်မြင့်ပညာဦးစီးဌာန နေပြည်တော်သို့ (၃၁-၃-၂၀၁၉) ရက်နေ့အရောက် ပြုစုပေးပို့ရပါမည်။
(က) တက္ကသိုလ်အလိုက်ထုတ်ဝေသော ဂျာနယ် University research journal
(ခ) အဆင့်မြင့်ပညာဦးစီးဌာနမှထုတ်ဝေသော Universities research journal
(ဂ) မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့မှ ထုတ်ဝေသော Myanmar Academy of Art & Science (MAAS)
(ဃ) ပြည်ပပညာရှင်များပါဝင်၍ ပြည်တွင်းတွင် ပြုလုပ်သော conference များမှ ထုတ်ဝေသော Local Proceeding များတွင် ပါဝင်ရေးသားခြင်း
(င) နိုင်ငံတကာ သုတေသန ဂျာနယ်များတွင် ရေးသားသော သုတေသနစာတမ်းများ International Publication
အထက်ဖော်ပြပါ စာတမ်းများပေးပို့ရာတွင် မိမိရေးသားသော စာတမ်းများအတွက် မိမိရေးသားသော ရှေ့မျက်နှာဖုံးမာတိကာ စာတမ်း အထောက်အထားများ ပြည့်စုံစွာပါရှိရန်နှင့် ၁၁.၁.၂၀၁၉ ရက်နေ့တင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)၊ အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ချက်အရ စာတမ်းတစ်ခုအတွက် 1st Author အား (၂) မှတ် 2nd Author... များအား (၁) မှတ်စီ ပေးရန် နှင့် စာတမ်းများအား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် အဖွဲ့ဖြင့် စိစစ်ပြီး အမှတ်ပေးရန် အကြောင်းကြားပါသည်။