၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၅၉) ကို (၁၀-၆-၂၀၁၉)ရက်နေ့မှ (၃-၉-၂၀၁၉)ရက်နေ့အထိ ရက်သတ္တပတ်(၁၂) ပတ်ကြာ ရန်ကုန်မြို့၊အမှတ် (၄၅/၄၆၀)၊ မဟာဗန္ဓုလလမ်းနှင့်(၃၁)လမ်း၊ ရသာကွန်ဒို (ဒုတိယထပ်) ရှိ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှု သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ အချက်အလက်များနှင့် အတူပူးတွဲ ၍ လျှောက်ထားရန်ဖြစ်ပါသည်။
(က) ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
ဘွဲ့လက်မှတ်မိတ္တူ (မူရင်းတင်ပြရမည်)
(ခ) နိုင်ငံသားစိစစ်ရေးကဒ် (လျှောက်လွှာနောက်ဆုံးလက်ခံသည့်ရက်တွင်အသက်(၂၀)နှစ်ပြည့်
ပြီးသူဖြစ်ရမည်။မိတ္တူနှင့်မူရင်း
(ဂ) ကျန်းမာရေးထောက်ခံချက် (ဒေသန္တရကျန်းမာရေးဌာနတာဝန်ခံမှ ကိုယ်ရောစိတ်ပါကျန်းမာ
ရေးကောင်းမွန်ကြောင်း) ထောက်ခံချက်မူရင်း
(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း (၆လအတွင်း)
(င) ကာလာလိုင်စင်ဓါတ်ပုံ (၃) ပုံ
၂။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို အထက်ပါသင်တန်းကျောင်းတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် သင်တန်းဝင်ခွင့်နှုတ်ဖြေစစ်ဆေးခြင်းကို အောက်ပါအတိုင်းစစ်ဆေးသွားမည်ဖြစ်ပါသည်။
(က) သင်တန်းလျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်အချိန်
ရက်စွဲ- (၈-၄-၂၀၁၉) ရက်နေ့မှ (၃-၅-၂၀၁၉) ရက်နေ့အထိ
အချိန်- နံနက်(၁၀း၀၀)နာရီမှ ညနေ(၃း၀၀) နာရီအထိ
နေရာ- ခရီးသွားလာရေးလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု သင်တန်းကျောင်း၊ ရသာကွန်ဒို
(ဒုတိယထပ်) ရန်ကုန်မြို့ ၊ အမှတ်(၄၅၈/၄၆၀) မဟာဗန္ဓုလလမ်းနှင့်(၃၁)လမ်း၊
ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။
(ခ) သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ ကျင်းပမည်နေ့ရက်နှင့်အချိန်
ရက်စွဲ- ၁၂-၅-၂၀၁၉(တနင်္ဂနွေနေ့)
အချိန်- နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ (၃) နာရီ (အင်္ဂလိပ်ဘာသာဖြင့်
လျှောက်ထားသူများ)
- အထက(၃) ဗိုလ်တထောင်၊ဗိုလ်ချုပ်လမ်းနှင့်ဗိုလ်မြတ်ထွန်းလမ်းထောင့် (ဗိုလ်တထောင်မြို့နယ်)
(ဂ) သင်တန်းဝင်ခွင့် နှုတ်ဖြေစာမေးပွဲ ကျင်းပမည့်နေ့ရက်နှင့်အချိန်(အခြားဘာသာများ
လျှောက်ထားသူများ)
ရက်စွဲ- ၁၃-၅-၂၀၁၉ ရက်နေ့မှ ၁၅-၅-၂၀၁၉ ရက်နေ့ထိ
အချိန်- နံနက် ၉း၀၀ နာရီမှ ၁၆း၀၀ နာရီအထိ
နေရာ- ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှု သင်တန်းကျောင်း၊ရသာကွန်ဒို
(ဒုတိယထပ်) ရန်ကုန်မြို့ အမှတ် (၄၅၈/၄၆၀) မဟာဗန္ဓုလလမ်း
နှင့်(၃၁)လမ်း၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။
၃။ သင်တန်းဝင်ခွင့် ရေးဖြေ/နှုတ်ဖြေ စစ်ဆေးခြင်းကိုအောက်ဖော်ပြပါအချက်များအပေါ် အခြေခံ၍စစ် ဆေးသွားမည်ဖြစ်ပါသည်။
(က) အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုသူများအတွက် လေ့လာရန်အချက်အလက်များ
မြန်မာစာဗဟုသုတမေးခွန်း (ရေးဖြေ-၄၀ မှတ်)
-နိုင်ငံပိုင် ကြေးမုံ၊ မြန်မာ့အလင်းနေ့စဉ်ထုတ်သတင်းစာများတွင် ပါရှိသော
ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်း၊ အချက်အလက်များ
-ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ်/စာတမ်း/
စာစောင်များ
-မြန်မာနိုင်ငံအကြောင်း (ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ သမိုင်း ၊ တိုင်းရင်းသား စ
သည်များ)
(ခ) ပြင်သစ်၊ အီတလီ၊ ဂျာမန်၊ စပိန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှား၊ ထိုင်း ဘာသာဖြေ
ဆိုသူများ အတွက်လေ့လာရန် အချက်အလက်များ
မြန်မာစာဗဟုသုတမေးခွန်း (ရေးဖြေ -၄၀ မှတ်)
-နိုင်ငံပိုင် ကြေးမှုံ။ မြန်မာ့အလင်း နေ့စဉ်ထုတ်သတင်းစာများတွင် ပါရှိသောခရီးသွား လုပ်ငန်းဆိုင်ရာသတင်း အချက်အလက်များ
-ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော စာအုပ်/စာတမ်း/စာစောင်များ
-မြန်မာနိုင်ငံအကြောင်း (ယဉ်ကျေးမှုဓလေ့ထုံးစံ၊ တိုင်းရင်းသား စသည်များ)
-ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ ကမ္ဘာနှင့်အာဆီယံနိုင်ငံများနှင့်ပတ်သက်သော အကြောင်းအရာများ
အင်္ဂလိပ်စာမေးခွန်း (ရေးဖြေ-၂၀ မှတ်)
-ဓမ္မဓိဌာန် မေးခွန်းနှင့်မေးခွန်းတိုများ (၂၀ မှတ်)
ဘာသာစကားများအတွက်နှုတ်ဖြေမေးခွန်း (နှုတ်ဖြေ-၄၀ မှတ်)
-သက်ဆိုင်ရာဘာသာစကားကို သွက်လက်စွာပြောဆိုနိုင်ခြင်း၊ ကျိုးကြောင်းဆီ
လျော်မှုရှိခြင်း၊ အကြောင်းအရာ အပေါ်မှန်ကန်စွာတုံ့ပြန်နိုင်ခြင်းနှင့်သဘော နားလည်မှုရှိခြင်း
(၄) သင်တန်းဝင်ခွင့်အောင်စာရင်းကို (၃၁-၅-၂၀၁၉) ရက်နေ့တွင် ထိုဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဆိုင်ရာဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းကျောင်းနှင့် သင်တန်းကျောင်းရှိ Facebook Page တို့ တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
(၅) အသေးစိတ်သိရှိလိုသောအချက်အလက်များကို ရုံးချိန်အတွင်းဖုန်းနံပါတ်* ၀၁-၃၈၀၆၂၁၊ ၀၁-၃၇၅၁၉၄၊တို့သို့လည်းကောင်း၊ သင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း စုံစမ်းနိုင်ပါသည်။