ပြောင်းလဲသွားပုံမှာ Reading တွင် မေးခွန်းအရေအတွက် ၄၂ ခု၊ ကြာချိန် မိနစ် ၆၀၊ အမှတ်ပေးစနစ်ကို ၃၀၊ Listening တွင် မေးခွန်းအရေအတွက် ၃၄ ခု၊ ကြာချိန် မိနစ် ၆၀၊ အမှတ်ပေးစနစ်ကို ၃၀ နှင့် Writing တွင် မေးခွန်းအရေအတွက် ၂ ခု၊ ကြာချိန် မိနစ် ၅၀၊ အမှတ်ပေးစနစ်ကို ၃၀၊ စုစုပေါင်းမေးခွန်း ၇၈ ခု၊ ၂ နာရီ မိနစ် ၅၀၊ အမှတ်ပေးစနစ်ကို ၉၀ သတ်မှတ်ထားပြီး section အပိုင်းများအား အချိန်ခွဲစစ်မည် ဖြစ်ပြီး Writing အတွက် မေးခွန်း ၂ ပုဒ် သည်လည်း အချိန်ခွဲစစ်မေးမည် ဖြစ်သည်။
Reading Section တွင် စာပိုဒ် ၃ ပိုဒ် ပါဝင်ပြီး ၁ ပိုဒ်စီတိုင်းတွင် မေးခွန်း ၁၂ မှ ၁၄ ခုထိ ပါဝင်ပြီး မေးခွန်းတစ်ခုစီတိုင်းအတွက် ရွေးချယ်စရာ ၄ ခုပါပြီး အဖြေမှန်တစ်ခုကို ရွေးရန်၊ မေးခွန်းတစ်ခုချင်းစီတိုင်းအတွက် ရွေးချယ်စရာ ၄ ခုပါဝင်ပြီး ၄င်းတို့အထဲမှ အဖြေတစ်ခုအား စာပိုဒ်တွင် ထည့်သွင်းရန် မေးခွန်း ၄ခုထဲတွင် အဖြေမှန်တစ်ခုထက်မကမှန်သော စာကြောင်းများ ပါဝင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Listening Section တွင် စကားပြော ၂ ခုပါသည်။ ရှင်းလင်းပြောဆိုချက်အတိုင်းအတွက် မေးခွန်း ၅ ခုမှ ၆ ခုထိ ပါဝင်သည်။ စကားပြောနှင့် ရှင်းလင်းချက်များကို ဆရာ ၄ ဦးမှ လုပ်ဆောင်သည်။ မေးခွန်းတိုင်းတွင် ရွေးချယ်စရာ ၄ ခုပါပြီး အဖြေမှန်တစ်ခုရွေးရန်နှင့် မေးခွန်းတိုင်းတွင် ရွေးချယ်စရာ ၄ ခုနှင့် အဖြေမှန်တစ်ခုထက်မကသော စာကြောင်းများ ပါဝင်သည်။
Writing Section တွင် အကြောင်းအရာအားလုံး ယေဘုယျကျကျ မတူညီသော အချက်အကလ်များ ပေါင်းစပ်ရေးသားခြင်းနှင့် လွတ်လပ်စွာ ရေးသားခြင်း အရေးအသားစစ်ဆေးသည့် အပိုင်းဖြစ်သည်။
TOEFL စာမေးပွဲဖြေဆိုရန် အချိန်စာရင်းမှာ ၂၀၁၇ အောက်တိုဘာလ ၁၄ ရက်ဖြေဆိုသူများသည် နောက်ဆုံး registration fees ကို သြဂုတ်လ ၂၈ ရက်နေ့အတွက် ပေးသွင်းရမည်။
နိုဝင်ဘာ ၁၁ ရက်ဖြေဆိုသူများသည် စက်တင်ဘာလ ၂၅ ရက်အတွင်း နောက်ဆုံး registration fees ပေးသွင်းနိုင်သလို၊ ၂၀၁၈ ခုနှစ်၊ ဧပြီ ၇ ရက်ဖြေဆိုသူများသည် registration fees ကို ဖေဖော်ဝါရီလ ၁၉ ရက်အတွင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ETS မှ စာမေးပွဲကြေးကို ယခင် ကန်ဒေါ်လာ ၁၇၀ မှ ယခု ကန်ဒေါ်လာ ၁၈၀ သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။
Contact detail
09-785140802, 09-791822665
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal