မူကြိုဆရာမတစ်ယောက်တွင် ရှိရမည့်အင်္ဂါရပ်များ

မူကြိုဆရာမတစ်ယောက်တွင် ရှိရမည့်အင်္ဂါရပ်များ

တကယ်ကို လေးနက်စေချင်တာ ''သင့်‌လို မူကြိုဆရာမများ‌ကြောင့် က‌လေးများ‌ဒုက္ခ မ‌ရောက်‌‌ပါစေနှင့်‌" ငွေရဖို့အတွက်‌တစ်‌ခုထဲနဲ့ မူကြိုဆရာမ မလုပ်‌ပါနဲ့ က‌လေး‌တွေကို ချစ်‌ခင်‌တတ်‌မှ မူကြိုဆရာမလုပ်‌ပါ

သည်းခံနိုင်‌မှုစွမ်းအားမရှိပဲနဲ့ မူကြိုဆရာမ မလုပ်‌ပါနဲ့ က‌လေးတိုင်းအ‌ပေါ် တန်းတူညီမျှ စိတ်‌ထားနိုင်‌မှ မူကြိုဆရာမလုပ်‌ပါ။

ရွံတတ်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ့ မရွံမရှာကိုင်‌တွယ်‌နိုင်‌မှ မူကြိုဆရာမလုပ်‌ပါ။

‌ကျော့‌ကျော့‌မော့‌မော့‌‌ခေါက်‌ရိုးမပျက်‌‌နေချင်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ့ ဖျတ်‌လတ်‌သွက်‌လက်‌‌ပေါ့ပါး‌နေမှ မူကြိုဆရာမလုပ်‌ပါ။

အကျင့်‌စရိုက်‌အပြုအမူ နုတ်‌အမူအရာ မပြုပြင်‌ပဲ မူကြိုဆရာမ မလုပ်‌ပါနဲ့ က‌လေး‌တွေ အတွက်‌ အစစအရာရာ ပြုပြင်‌‌ပြောင်းလဲနိုင်‌မှ မူကြိုဆရာမလုပ်‌ပါ။

‌ပေါ့ပျက်‌ပျက်‌အ‌တွေးအ‌ခေါ်‌တွေနဲ့ မူကြိုဆရာမ မလုပ်‌ပါနဲ့ သင်‌ယူချင်‌စိတ်‌ လုပ်‌ကိုင်‌ချင်‌စိတ်‌ ပြုပြင်‌ချင်‌စိတ်‌ရှိမှ မူကြိုဆရာမလုပ်‌ပါ။

လစ်‌လျူ ရှုဖြစ်‌ချင်‌ရာဖြစ်‌‌နေတတ်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ့ ကြည့်‌ရှု့‌လေ့လာ စိုးရိမ်‌ပူပန်‌တတ်‌မှ မူကြိုဆရာမလုပ်‌ပါ။

မျက်‌နှာထားတည်‌တည်‌‌နေတတ်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ့ ပြုံးရွှင်‌ကြည်‌လင်‌စွာ က‌လေး‌တွေကိုကြိုဆိုနိုင်‌မှ မူကြိုဆရာမလုပ်‌ပါ။

မကျန်းမမာဖြစ်‌တတ်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ့ ကျန်းမာသန်‌စွမ်း အားအင်‌ပြည့်‌‌နေမှ မူကြိုဆရာမလုပ်‌ပါ။

ဖုန်‌ထိမခံနိုင်‌ ညစ်‌ပတ်‌မှာ‌ကြောက်‌ရင်‌ မူကြိုဆရာမ မလုပ်‌ပါနဲ အန္တရာယ်‌မရှိ‌‌အောင်‌ သန်‌ရှင်းသပ်‌ရပ်‌စွာ ထားနိုင် ‌လုပ်‌နိုင်‌ကိုင်‌နိုင်‌မှ မူကြိုဆရာမလုပ်‌ပါ။

ဝမ်း‌ရေးအတွက်‌ ဘယ်‌‌တော့မှ မူကြိုဆရာမ မလုပ်‌ပါနဲ့။

က‌လေး‌တွေအ‌ပေါ် ရင်‌ထဲထိမှ ရင်‌ထဲရှိမှ ‌စေတနာ ‌မေတ္တာ ဂရုဏာ ထားနိုင်‌မှ မူကြိုဆရာမလုပ်‌ပါ

မိဘ‌တွေ၏ ‌ချွေးနည်းစာ ‌ကျောင်းလခသည်‌ သင့်‌အားမုန့်ဖိုး လာ‌ပေး‌နေခြင်းမဟုတ်‌ပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

#Cdတီချယ်သက်‌ဖြူစင်‌လှိုင်‌

Pre-school Read 1828 times