အထက်တန်းဆက်တက်ရန် အခက်အခဲရှိသူများ အခမဲ့ပညာ သင်ယူနိုင်မည်

အထက်တန်းဆက်တက်ရန် အခက်အခဲရှိသူများ အခမဲ့ပညာ သင်ယူနိုင်မည်

ထိုကိုယ်ပိုင်ကျောင်းသည် အဌမတန်းအောင်မြင်ပြီး န၀မတန်း ဆက်လက်တက်ရန် အခက်အခဲရှိသည့် ကျောင်းသား/သူများအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အထက်တန်းအဆင့် ၀ိဇ္ဇာသိပ္ပံဘာသာတွဲ နှစ်မျိုးကိုသာ သင်ကြားပေးမည်ဖြစ်သည်။

န၀မတန်းအောင်မြင်ပြီးလျှင် ဒသမတန်းကိုပါ အခမဲ့ပညာသင်ယူနိုင်မည်။

မဟော်သဓာအခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တက်ရောက်လိုပါက ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အလယ်တန်းကျောင်းမှ အဌမတန်း အောင်မြင်ထားရမည်ဖြစ်ပြီး ကူးစက်ရောဂါမရှိဘဲကျန်းမာရေးကောင်းမွန်သည့် ကိုယ်လက်အင်္ဂါပြည့်စုံသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် န၀မတန်းကျောင်းသား/သူ ဦးရေ ၁၀၀ လက်ခံမည်ဖြစ်သည်။

လျှောက်ထားသူများအနက် မိဘဆင်းရဲသူ၊ မိဘဆင်းရဲသူချင်းတူလျှင် မိဘမစုံသူချင်းတူလျှင် ဖခင်ကွယ်လွန်ထားသူကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

လျှောက်ထားသူ ဦးရေ ၁၀၀ ထက် ကျော်လွန်ပါက အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စာမေးပွဲရမှတ် အနည်းအများအလိုက် ရွေးချယ်မည်ဖြစ်သည်။

ကျောင်းတက်ရန် လျှောက်ထားသူများအနေနှင့် မေလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် အင်္ဂလိပ်စာနှင့် သင်္ချာမေးခွန်းများ ဖြေဆိုရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်သည်။

ထိုကျောင်းကို စေတနာရှင်တစ်ဦးက လှူဒါန်းထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တိပိဋကဓရ ဆရာတော် အကူအညီဖြင့် ကျောင်းအကျိုးတော်ဆောင် ၃၆ ဦးဖွဲ့စည်းကာ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။

လျှောက်လွှာများကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး မေလ ၂၅ ရက်နေ့ နောက်ဆုံး လျှောက်ထားရမည်ဖြစ်သည်။

Contact Detail

09-450999081, 09-450430110, 09-450384515, 09-262801199

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

News Read 2382 times