ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင်ဖြေဆိုသူများအတွက် သင်္ကေတစာ ရေးသားနိုင်သည့် စာရွက်များ ထောက်ပံ့ပေးမည်

ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင်ဖြေဆိုသူများအတွက် သင်္ကေတစာ ရေးသားနိုင်သည့် စာရွက်များ ထောက်ပံ့ပေးမည်

သချာင်္ဘာသာရပ်ဖြေဆိုတဲ့အခါမှာ မေးခွန်းပါ ကိန်းဂဏန်းများကို သင်္ကေတနဲ့ အလွယ်တကူ မှတ်သားလို့ရအောင် အကြမ်းတွက်ချက်လို့ရ အောင် ပထမဆုံးအနေနဲ့ ဒီနှစ်ကစပြီး ထောက်ပံ့ပေးထားပါ။

မသန်စွမ်းသူများကိုလည်း နားလည်နိုင်တဲ့ လက်ပြသင်္ကေတနဲ့ ဖြေဆိုချိန်ပိုပေးပြီး မေးခွန်းကို ဖတ်ပြပေးသွားမှာပါ။

မတ်လ ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းများကို မတ်လ ၃ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တစ်ပြိုင်နက်တည်း ထုတ်ပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွက် မေးခွန်းများကို မန္တလေးတက္ကသိုလ်တွင် နံနက် ၇ နာရီမှ စ၌ တစ်နေ့တည်း အပြီး ထုတ်ပေးသွားမည် ဖြစ်သည်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်

မေးခွန်းများထုတ်ပေးတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေက စာစစ်ဌာန ကြီးကြပ်ရေးမှူးများကို တစ်ပါတည်း ခေါ်လာပြီး မေးခွန်းအရေအတွက် မှန်၊ မမှန်ကို တစ်ခါတည်း စစ်ဆေးချိတ်ပိတ်ပြီး လုံခြုံရေးသေတ္တာထဲကို ထည့်သိမ်းသွားရမည်။

ပြီးရင် သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ ဘဏ်တိုက်နဲ့ တပ်ရင်းတွေမှာ စနစ်တကျ အပ်နှံထားကြဖို့ မှာကြားရှင်းပြခဲ့ပါတယ်။

ဒီစာမေးပွဲက တက္ကသိုလ်ကို ကူးပြောင်းလို့ ရမယ့် အရေးကြီးတဲ့ စာမေးပွဲဖြစ်တာမို့ အားလုံးစိတ်လှုပ်ရှားနေကြမှာပါ။

ထို့ကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ ဖြေဆိုသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်အောင် တာဝန်ယူစောင့်ရှောက်ပေးကြဖို့နဲ့ ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်အေးအေးထားပြီး ကြိုးစားဖြေဆိုကြပါလို့ မှာကြားချင်ပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၈၄၀၀၀၀ ကျော် အတွက် စာစစ်ဌာန ၁၇၀၀ ကျော်ဖွင့်လှစ်ပေးထားပါသည်။

စာမေးပွဲကာလအတွင်း အခြေခံပညာကျောင်းများ၊ အကျဉ်းထောင်၊ ဆေးရုံကြီး စာစစ်ဌာနများတွင် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ၀က်ဘ်ဆိုက်တွင် နေ့စဉ် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: myanmar alinn 

News Read 1328 times