ပညာေရးေကာလိပ္လုပ္ငန္းခြင္ႀကိဳ ဆရာအတတ္ပညာဒီပလိုမာ (D.TEd) ေအာင္ျမင္သူမ်ားအေနျဖင့္ အေဝးသင္ဒုတိယႏွစ္က စတက္ႏိုင္ရန္ ပညာေရးဝန္ႀကီးဌာနကခြင့္ျပဳထားသည္။
“ပညာေရးေကာလိပ္ဆင္းေတြအတြက္ သူတို႔ပညာေရးေကာလိပ္မွာယူခဲ့တဲ့ ဘာသာတဲြနဲ႔ အေဝးသင္မွာ ဆက္တက္မယ့္ဘာသာတူရင္ ဒုတိယႏွစ္က စလက္ခံဖို႔ေျပာၿပီးသားပါ။ အဲ့ဒီအတြက္ ကြ်န္ေတာ္တို႔စာထုတ္ထားပါတယ္။” ဟု အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းကေျပာသည္။
ပညာေရးေကာလိပ္ဆင္းမ်ားသည္ အေျခခံပညာေက်ာင္းမ်ားတြင္ လုပ္ငန္းခြင္ဝင္ေရာက္ေနသည့္ ဆရာ၊ ဆရာမမ်ားျဖစ္၍ တာဝန္ထမ္းေဆာင္ေနသည့္ေက်ာင္းႏွင့္ တကၠသိုလ္အကြာအေဝးအရ ဝိဇၨာ၊ သိပၸံဘာသာရပ္မ်ား သတ္မွတ္ေပးရန္၊ အေဝးသင္တကၠသိုလ္ ဒုတိယႏွစ္ကစတက္ရန္ ေလွ်ာက္ထားပါက ပညာေရးေကာလိပ္တြင္ သင္ယူခဲ့သည့္ဘာသာတဲြေပၚမူတည္၍ အေဝးသင္တြင္ယူရမည့္ ဘာသာရပ္ကို သက္ဆိုင္ရာတကၠသိုလ္ပညာေရးအဖဲြ႔ကဆံုးျဖတ္ရန္ အဆင့္ျမင့္ပညာဦးစီးဌာနက ညႊန္ၾကားထားသည္။
Aviation (9) ေလယာဥ္ေမာင္းအတတ္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။
လုပ္ငန္းခြင္ႀကိဳမူလတန္းဆရာအတတ္ပညာ ဒီပလိုမာ (D.TEd) (၂) ႏွစ္သင္တန္းကို တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္ၿပီးပါက တက္ေရာက္ရၿပီး သင္တန္းၿပီးဆံုးပါက သတ္မွတ္အရည္အခ်င္းျပည့္မွီလွ်င္ ပညာေရးတကၠသိုလ္တြင္ ပညာေရးဘဲြ႔ (B.Ed) သင္တန္းဆက္တက္ခြင့္ရွိသည္။
B.Ed ဆက္တက္ခြင့္မရပါက အေျခခံပညာေက်ာင္းမ်ားတြင္ မူလတန္းျပအျဖစ္ခန္႔ထားသည္။ ပညာေရးဝန္ၾကီးဌာ ရာထူးတိုးမူဝါဒအရ တကၠသိုလ္မွဘဲြ႔တစ္ခုရရွိထားရန္ လိုအပ္သျဖင့္ B.Ed တက္ခြင့္မရသည့္ ပညာေရးေကာလိပ္ဆင္း မူလတန္းျပဆရာ၊ ဆရာမမ်ားသည္ အေဝးသင္တကၠသိုလ္တြင္ လုပ္ငန္းခြင္ဝင္ေနစဥ္ တက္ေရာက္ျခင္းျဖစ္သည္။
ပညာေရးေကာလိပ္ (၂) ႏွစ္သင္တန္းတြင္ ဝိဇၨာ၊ သိပၸံဘာသာရပ္အခ်ိဳ႕ကို သင္ယူထားရေသာ္လည္း အေဝးသင္တကၠသိုလ္တြင္ တတိယႏွစ္ကစတက္ခြင့္မရွိဘဲ ပထမႏွစ္ကစတက္ေနရ၍ တတိယႏွစ္ကစတင္တက္ခြင့္ေပးရန္ (၂၀၁၈) စက္တင္ဘာ (၁၁) ရက္မွ (၁၆) ရက္အထိ ေက်ာင္းသားမ်ားကဆက္တိုက္ ဆႏၵထုတ္ေဖာ္ခဲ့သည္။
Astrologer (15) နကၡ ေဗဒင္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။
ထို႔ေၾကာင့္ D.TEd သင္တန္းဆင္းမ်ားကို အေဝးသင္ဒုတိယႏွစ္ကစ၍ တက္ခြင့္ျပဳမည္ဟု ပညာေရးဝန္ႀကီးဌာနကဆံုးျဖတ္ခဲ့သည္။ အျခားေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အေဝးသင္တကၠသိုလ္ (၄) ႏွစ္တက္ေရာက္ၿပီးမွ ဘဲြ႔ရေသာ္လည္း ပညာေရးေကာလိပ္ဆင္းမ်ားသည္ (၃) ႏွစ္ျဖင့္ အေဝးသင္တကၠသိုလ္မွ ဝိဇၨာ၊ သိပၸံဘဲြ႔ရရွိမည္ျဖစ္သည္။
Source: 7Day News
**Unicode**
ပညာရေးကောလိပ်လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာ (D.TEd) အောင်မြင်သူများအနေဖြင့် အဝေးသင်ဒုတိယနှစ်က စတက်နိုင်ရန် ပညာရေးဝန်ကြီးဌာနကခွင့်ပြုထားသည်။
“ပညာရေးကောလိပ်ဆင်းတွေအတွက် သူတို့ပညာရေးကောလိပ်မှာယူခဲ့တဲ့ ဘာသာတွဲနဲ့ အဝေးသင်မှာ ဆက်တက်မယ့်ဘာသာတူရင် ဒုတိယနှစ်က စလက်ခံဖို့ပြောပြီးသားပါ။ အဲ့ဒီအတွက် ကျွန်တော်တို့စာထုတ်ထားပါတယ်။” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောသည်။
ပညာရေးကောလိပ်ဆင်းများသည် အခြေခံပညာကျောင်းများတွင် လုပ်ငန်းခွင်ဝင်ရောက်နေသည့် ဆရာ၊ ဆရာမများဖြစ်၍ တာဝန်ထမ်းဆောင်နေသည့်ကျောင်းနှင့် တက္ကသိုလ်အကွာအဝေးအရ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ သတ်မှတ်ပေးရန်၊ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကစတက်ရန် လျှောက်ထားပါက ပညာရေးကောလိပ်တွင် သင်ယူခဲ့သည့်ဘာသာတွဲပေါ်မူတည်၍ အဝေးသင်တွင်ယူရမည့် ဘာသာရပ်ကို သက်ဆိုင်ရာတက္ကသိုလ်ပညာရေးအဖွဲ့ကဆုံးဖြတ်ရန် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားသည်။
Aviation (9) လေယာဉ်မောင်းအတတ်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
လုပ်ငန်းခွင်ကြိုမူလတန်းဆရာအတတ်ပညာ ဒီပလိုမာ (D.TEd) (၂) နှစ်သင်တန်းကို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက တက်ရောက်ရပြီး သင်တန်းပြီးဆုံးပါက သတ်မှတ်အရည်အချင်းပြည့်မှီလျှင် ပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ (B.Ed) သင်တန်းဆက်တက်ခွင့်ရှိသည်။
B.Ed ဆက်တက်ခွင့်မရပါက အခြေခံပညာကျောင်းများတွင် မူလတန်းပြအဖြစ်ခန့်ထားသည်။ ပညာရေးဝန်ကြီးဌာ ရာထူးတိုးမူဝါဒအရ တက္ကသိုလ်မှဘွဲ့တစ်ခုရရှိထားရန် လိုအပ်သဖြင့် B.Ed တက်ခွင့်မရသည့် ပညာရေးကောလိပ်ဆင်း မူလတန်းပြဆရာ၊ ဆရာမများသည် အဝေးသင်တက္ကသိုလ်တွင် လုပ်ငန်းခွင်ဝင်နေစဉ် တက်ရောက်ခြင်းဖြစ်သည်။
ပညာရေးကောလိပ် (၂) နှစ်သင်တန်းတွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်အချို့ကို သင်ယူထားရသော်လည်း အဝေးသင်တက္ကသိုလ်တွင် တတိယနှစ်ကစတက်ခွင့်မရှိဘဲ ပထမနှစ်ကစတက်နေရ၍ တတိယနှစ်ကစတင်တက်ခွင့်ပေးရန် (၂၀၁၈) စက်တင်ဘာ (၁၁) ရက်မှ (၁၆) ရက်အထိ ကျောင်းသားများကဆက်တိုက် ဆန္ဒထုတ်ဖော်ခဲ့သည်။
Astrologer (15) နက္ခ ဗေဒင်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
ထို့ကြောင့် D.TEd သင်တန်းဆင်းများကို အဝေးသင်ဒုတိယနှစ်ကစ၍ တက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနကဆုံးဖြတ်ခဲ့သည်။ အခြားကျောင်းသား၊ ကျောင်းသူများသည် အဝေးသင်တက္ကသိုလ် (၄) နှစ်တက်ရောက်ပြီးမှ ဘွဲ့ရသော်လည်း ပညာရေးကောလိပ်ဆင်းများသည် (၃) နှစ်ဖြင့် အဝေးသင်တက္ကသိုလ်မှ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရရှိမည်ဖြစ်သည်။
Source: 7Day News