အဝေးသင်တက္ကသိုလ်လျှောက်ထားသူ တစ်သိန်းလေးသောင်းကျော်ရှိခြင်း

အဝေးသင်တက္ကသိုလ်လျှောက်ထားသူ တစ်သိန်းလေးသောင်းကျော်ရှိခြင်း

ယခုႏွစ္၏ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားရာတြင္ အေဝးသင္တကၠသိုလ္ကို ေလွ်ာက္ထားသူ တစ္သိန္းေလးေသာင္းေက်ာ္ရွိေၾကာင္း သိရသည္။

 

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္ ေက်ာင္းသား၊ ေက်ာင္းသူအေရအတြက္မွာ (၂၆၇၆၉၆) ရွိၿပီး ယင္းတို႔အထဲမွ အေဝးသင္တကၠသိုလ္ကို ေလွ်ာက္ထားခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူအေရအတြက္မွာ တစ္သိန္းေလးေသာင္းေက်ာ္ရွိေၾကာင္း သီးျခားေခၚယူေသာတကၠသိုလ္ ၁၄ ခုႏွင့္ ပညာေရးတကၠသုိလ္၊ စီးပြားေရးတကၠသိုလ္၊ နည္းပညာတကၠသုိလ္၊ ကြန္ပ်ဴတာတကၠသိုလ္၊ ပညာေရးေကာလိပ္၊ ဝိဇၨာသိပၸံတကၠသိုလ္မ်ားကို ေလွ်ာက္ထားခဲ့သူမွာ တစ္သိန္းေလးေသာင္းေက်ာ္ရွိခဲ့ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ သိရသည္။

 

"ႏွစ္တိုင္းအေဝးသင္ေလွ်ာက္တဲ့ ေက်ာင္းသားေက်ာင္းသူက အၿမဲတမ္းမ်ားတယ္။ ထက္ဝက္ေလာက္က အေဝးသင္ပဲသြားၾကတယ္" ဟု အဆင့္ျမင့္ပညာဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားသည္။

 

ယခုႏွစ္တြင္ အေဝးသင္သင္တန္းမ်ားကုိ ေလွ်ာက္ထားခ့ဲသည့္ ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ အနီးကပ္သင္တန္းမ်ားကို ႏွစ္ႀကိမ္တက္ေရာက္ရန္အတြက္ ပညာေရးဝန္ႀကီးဌာနက ေျပာၾကားထားၿပီး အနီးကပ္သင္တန္း ႏွစ္ႀကိမ္တက္ေရာက္ရန္ အခက္အခဲရွိသည့္ေက်ာင္းသားေက်ာင္းသူမ်ားကို ရန္ကုန္အေဝးသင္တကၠသုိလ္ႏွင့္ မႏၱေလးအေဝးသင္တကၠသုိလ္မ်ား၏ ဝင္ဆံ့အင္အားေပၚမူတည္ၿပီး ဆယ္ရက္တစ္ေပါင္းတည္း တက္ေရာက္ခြင့္ရရွိေစရန္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

ပညာေရးဝန္ႀကီးဌာနမွ အေဝးသင္တကၠသိုလ္အနီးကပ္သင္တန္း ႏွစ္ႀကိမ္တက္ေရာက္ရန္ သတ္မွတ္မည့္အေပၚတြင္ ယခင္ႏွစ္ကလည္း အေဝးသင္ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားသမဂၢမ်ားက ကန္႔ကြက္ခဲ့သလို လာမည့္ႏွစ္တြင္ ယင္းကဲ့သုိ႔တက္ေရာက္ရမည့္အေပၚတြင္ အေဝးသင္ေက်ာင္းသားေက်ာင္းသူအခ်ိဳ႕ႏွင့္ ေက်ာင္းသားသမဂၢမ်ားက ကန္႔ကြက္မႈမ်ား စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

 

တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ ၂၀၁၈ ခုႏွစ္အထိ အေဝးသင္တကၠသိုလ္ေက်ာင္းသားေက်ာင္းသူ ငါးသိန္းေက်ာ္ တက္ေရာက္ေနသည္။

 

*** ေန႔သင္တန္း တကၠသိုလ္မ်ား၏ ဝင္ခြင့္ရလူဦးေရစာရင္းမ်ားကို လည္းဝင္ေရာက္ၾကည္႔ရႈ႕နိုင္ပါတယ္ရွင့္***

(www.edge.com.mm)

 

Source: Democracy

 

**Unicode**

 

ယခုနှစ်၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အဝေးသင်တက္ကသိုလ်ကို လျှောက်ထားသူ တစ်သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ (၂၆၇၆၉၆) ရှိပြီး ယင်းတို့အထဲမှ အဝေးသင်တက္ကသိုလ်ကို လျှောက်ထားခဲ့သည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ တစ်သိန်းလေးသောင်းကျော်ရှိကြောင်း သီးခြားခေါ်ယူသောတက္ကသိုလ် ၁၄ ခုနှင့် ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များကို လျှောက်ထားခဲ့သူမှာ တစ်သိန်းလေးသောင်းကျော်ရှိခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။


"နှစ်တိုင်းအဝေးသင်လျှောက်တဲ့ ကျောင်းသားကျောင်းသူက အမြဲတမ်းများတယ်။ ထက်ဝက်လောက်က အဝေးသင်ပဲသွားကြတယ်" ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။


ယခုနှစ်တွင် အဝေးသင်သင်တန်းများကို လျှောက်ထားခဲ့သည့် ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အနီးကပ်သင်တန်းများကို နှစ်ကြိမ်တက်ရောက်ရန်အတွက် ပညာရေးဝန်ကြီးဌာနက ပြောကြားထားပြီး အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရောက်ရန် အခက်အခဲရှိသည့်ကျောင်းသားကျောင်းသူများကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်များ၏ ဝင်ဆံ့အင်အားပေါ်မူတည်ပြီး ဆယ်ရက်တစ်ပေါင်းတည်း တက်ရောက်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီးဌာနမှ အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရောက်ရန် သတ်မှတ်မည့်အပေါ်တွင် ယခင်နှစ်ကလည်း အဝေးသင်ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ခဲ့သလို လာမည့်နှစ်တွင် ယင်းကဲ့သို့တက်ရောက်ရမည့်အပေါ်တွင် အဝေးသင်ကျောင်းသားကျောင်းသူအချို့နှင့် ကျောင်းသားသမဂ္ဂများက ကန့်ကွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ်အထိ အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ငါးသိန်းကျော် တက်ရောက်နေသည်။


*** နေ့သင်တန်း တက္ကသိုလ်များ၏ ဝင်ခွင့်ရလူဦးရေစာရင်းများကို လည်းဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့်***

(www.edge.com.mm)


Source: Democracy

 

News Read 3244 times