Sales Hotline : 09448001653       Download App



အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ (၁၈၀) ရှိ

** Unicode **

ယခုနှစ်မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဉ်းထောင်များမှ ဝင်ရောက်ဖြေဆိုမည့် အကျဉ်းသားဦးရေ (၁၈၀) ခန့်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။

အကျဉ်းထောင်များတွင် လက်ရှိအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သည့် ဇာထိုးပန်းထိုး၊ သံချည်သံကွေး၊ လက်သမား၊ ပန်းရန်၊ စက်ချုပ်၊ ဖိနပ်ချုပ်နှင့် မုန့်ဖုတ်နည်းများကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။

စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ပြစ်ဒဏ်ကျအကျဉ်းသားများဖြစ်သော်လည်း အခြားသောအကျဉ်းသားများကဲ့သို့ အကျဉ်းထောင်ဝတ်စုံကို ဝတ်ဆင်ခြင်းမပြုဘဲ ကျောင်းဝတ်စုံဖြင့်သာ ကျောင်းတက်ရပြီး ပြင်ပမှ ဆရာ/ဆရာမများကိုလည်း အကူအညီတောင်းခံ၍ သင်ကြားပေးခြင်းဖြစ်ပါတယ်။အပြင်မှသင်ရိုးညွှန်းတမ်းများအတိုင်း အကုန်သင်ကြားပေးပြီးမှသာ ဖြေဆိုခွင့်ပြုခြင်းဖြစ်ပါတယ်။

အကျဉ်းထောင်အသီးသီးမှ စာမေးပွဲဖြေဆိုမည့်သူများကို အ.ထ.က ခွဲကျောင်းများကိုပို့မည်ဖြစ်ပါတယ်။ ကျောင်းမရှိတဲ့ အကျဉ်းထောင်များမှာ ကျောင်းရှိသည့် အကျဉ်းထောင်များတွင် သွားရောက်ဖြေဆိုရမည်ဖြစ်ပါတယ်။

Middle School (240) အလယ်တန်းကျောင်းများ နှင့်ပတ်သက်ပြီး (၂၄၀) ခုရှာရန်နှိပ်ပါ။

ယခုနှစ်အတွက် အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့်သူများတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဦးရေ (၈၀) ကျော်နှင့် မန္တလေးအကျဉ်းမှဦးရေ (၇၀) ကျော်ဝင်ရောက်ဖြေဆိုမည်ဟုသိရပါတယ်။

Read More:>>>  (၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

ကျန်ရှိသော ဖြေဆိုမည့်သူများသည် တခြားသောအကျဉ်းထောင်များမှဖြစ်ပြီး ဖြေဆိုရာတွင်လည်း အဆင်ပြေမှုရှိစေရန်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

(www.edge.com.mm)

** Zawgyi **





Middle School (240) အလယ်တန်းကျောင်းများ နှင့်ပတ်သက်ပြီး (၂၄၀) ခုရှာရန်နှိပ်ပါ။


Read More:>>>  (၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ


(www.edge.com.mm)
 

News Tips Latest Post Read 849 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176