Sales Hotline : 09448001653       Download App



ပုဂ္ဂလိကကျောင်းများဖွင့်လှစ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာမူဝါဒပေါ်ပေါက်လာတော့မည်ဟုသိရ

**Unicode**

အဆင့်မြင့်ပုဂ္ဂလိကကျောင်းများဖွင့်လှစ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒမူကြမ်းကိုရေးဆွဲထားပြီး မကြာခင်ပေါ်ပေါက်လာတော့မည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်မှသိရသည်။

ယင်းမူကြမ်းကို အချောသတ်မူကြမ်းအဖြစ် ပေါ်ပေါက်နိုင်ရန် အစည်းအဝေးများကျင်းပကာ ဆွေးနွေးလျက်ရှိပြီး အရည်အသွေးနှင့် အဆင့်အတန်းကို ကြီးကြပ်နိုင်ရန် အဆင့်မြင့်ပုဂ္ဂလိကကျောင်းများဆိုင်ရာ သက်ဆိုင်သူများနှင့်လည်း ဆွေးနွေးလျက်ရှိပြီး မကြာမီအဆိုပါမူဝါဒပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရသည်။

"မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ပုဂ္ဂလိကကျောင်းများအတွက် သေချာရေရာသောမူဝါဒနှင့် ကြီးကြပ်မှုများမရှိခဲ့ပါ။ ပုဂ္ဂလိကကျောင်းဥပဒေပေါ်ပေါက်လာပါက ပုဂ္ဂလိကကျောင်းများကောင်းမွန်စွာ အကောင်အထည်ဖော်ရေးအတွက် ပင်မအထောက်အကူဖြစ်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ဒေါက်တာမျိုးကြွယ်မှပြောသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အရည်အသွေးအာမခံမှုရှိသော အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများဖြစ်စေရေးအတွက် ပုဂ္ဂလိကကျောင်းသင်ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းမှ ပြန်လည်ရှင်းပြခဲ့သည်။

Read More:>>>  (၂၀၂၀) ျပည့္ႏွစ္တကၠသိုလ္ဝင္စာေမးပြဲအေထာက္အကူျပဳျမန္မာစာဘာသာရပ္ဆိုင္ရာသိေကာင္းစရာမ်ား

ယင်းဥပဒေကြမ်းထဲတွင် ပုဂ္ဂလိကကျောင်းများလိုက်နာဆောင်ရွက်ရမည့် အချက်များအဖြစ် အရည်အသွေးအဆင့်အတန်းကို ထိန်းညှိဆောင်ရွက်နိုင်ရန် အရည်အသွေးအာမခံမှုစနစ်တစ်ရပ်လည်း ထည့်သွင်းဆောင်ရွက်ထားကြောင်းသိရသည်။

Database Management (21) Database Management ႏွင့္ပတ္သက္ျပီး သင္တန္း (၂၁) ခုရွာရန္ႏွိပ္ပါ။

Source: The Voice Daily

 

**Zawgyi**

အဆင့္ျမင့္ပုဂၢလိကေက်ာင္းမ်ားဖြင့္လွစ္ျခင္း၊ ရပ္ဆိုင္းျခင္း၊ ပိတ္သိမ္းျခင္းဆိုင္ရာ မူဝါဒမူၾကမ္းကိုေရးဆြဲထားၿပီး မၾကာခင္ေပၚေပါက္လာေတာ့မည္ဟု အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္မွသိရသည္။

ယင္းမူၾကမ္းကို အေခ်ာသတ္မူၾကမ္းအျဖစ္ ေပၚေပါက္ႏိုင္ရန္ အစည္းအေဝးမ်ားက်င္းပကာ ေဆြးေႏြးလ်က္ရွိၿပီး အရည္အေသြးႏွင့္ အဆင့္အတန္းကို ႀကီးၾကပ္ႏိုင္ရန္ အဆင့္ျမင့္ပုဂၢလိကေက်ာင္းမ်ားဆိုင္ရာ သက္ဆိုင္သူမ်ားႏွင့္လည္း ေဆြးေႏြးလ်က္ရွိၿပီး မၾကာမီအဆိုပါမူဝါဒေပၚေပါက္လာမည္ျဖစ္ေၾကာင္းသိရသည္။

"ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ပုဂၢလိကေက်ာင္းမ်ားအတြက္ ေသခ်ာေရရာေသာမူဝါဒႏွင့္ ႀကီးၾကပ္မႈမ်ားမရွိခဲ့ပါ။ ပုဂၢလိကေက်ာင္းဥပေဒေပၚေပါက္လာပါက ပုဂၢလိကေက်ာင္းမ်ားေကာင္းမြန္စြာ အေကာင္အထည္ေဖာ္ေရးအတြက္ ပင္မအေထာက္အကူျဖစ္လာမည္ျဖစ္ပါေၾကာင္း ရွင္းလင္းေျဖၾကားအပ္ပါတယ္" ဟု ေဒါက္တာမ်ိဳးႂကြယ္မွေျပာသည္။

ပညာေရးဝန္ႀကီးဌာနအေနႏွင့္ အရည္အေသြးအာမခံမႈရွိေသာ အဆင့္ျမင့္ပညာပုဂၢလိကေက်ာင္းမ်ားျဖစ္ေစေရးအတြက္ ပုဂၢလိကေက်ာင္းသင္ဥပေဒၾကမ္းကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၏ သေဘာထားသတ္မွတ္ခ်က္ႏွင့္အညီ ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည္ဟု ပညာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းမွ ျပန္လည္ရွင္းျပခဲ့သည္။

Read More:>>>  (၂၀၂၀) ျပည့္ႏွစ္တကၠသိုလ္ဝင္စာေမးပြဲအေထာက္အကူျပဳျမန္မာစာဘာသာရပ္ဆိုင္ရာသိေကာင္းစရာမ်ား

ယင္းဥပေဒၾကမ္းထဲတြင္ ပုဂၢလိကေက်ာင္းမ်ားလိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ားအျဖစ္ အရည္အေသြးအဆင့္အတန္းကို ထိန္းညႇိေဆာင္႐ြက္ႏိုင္ရန္ အရည္အေသြးအာမခံမႈစနစ္တစ္ရပ္လည္း ထည့္သြင္းေဆာင္႐ြက္ထားေၾကာင္းသိရသည္။

Database Management (21) Database Management ႏွင့္ပတ္သက္ျပီး သင္တန္း (၂၁) ခုရွာရန္ႏွိပ္ပါ။

Source: The Voice Daily

International/Private Latest Post News Read 3094 times