လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးညွှန်းတမ်း အသစ်ပြောင်းမည်ဖြစ်ပြီး
ယခုနှစ်အဋ္ဌမတန်း (Grade-9) ကျောင်းသား၊ ကျောင်းသူများသည် လာမည့်နှစ်၌ ဒသမတန်း (Grade-10) တက်ရမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
အခြေခံပညာ မူလတန်းအဆင့်တွင် စတုတ္ထတန်း (Grade -4) ၊ အလယ်တန်းအဆင့်တွင် သတ္တမတန်း( Grade-7) တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး လာမည့်နှစ်၌ အထက်တန်းအဆင့်ဖြစ်သည့် ဒသမတန်း (Grade-10) ကိုပါ သင်ရိုးသစ် စတင်ပြောင်းလဲမည် ဖြစ်ပါတယ်။
‘‘နောက်နှစ်မှာ (Grade-4၊ 7၊ 10) သုံးတန်းပြောင်းမယ်။ (4) က (Grade-3) ကနေ ဆက်သွားမယ်။ (7) ကတော့ အခု (Grade-6) ကနေဆက်သွားမယ်။ (10) ကကျတော့ Upper Sec၀ndary ဖြစ်တဲ့ အထက်တန်း အဆင့်မှာ ပြောင်းလဲမှာ’’ဟု ဒေါက်တာ တင်မောင်ဝင်း ကဆိုပါတယ်။
ထို့ပြင် လာမည့်နှစ်တွင် ဒသမတန်း (Grade-10) ကို သင်ရိုးညွှန်းတမ်း အသစ်စပြောင်းမည်ဖြစ်၍ အဋ္ဌမတန်း(Grade-9) တွင် လက်ရှိတက်နေသူများသည် လာမည့်နှစ် အထက်တန်းအဆင့်တက်ချိန်တွင် သင်ရိုးသစ် ဒသမတန်း (Grade-10) ၌ တက်ရမည် ဖြစ်ပါတယ်။
Hardware & Networking (170)/ Hardware & Networking နှင့်ပတ်သက်ပြီး သင်တန်း (170 )ခု ရှာရန်နှိပ်ပါ။
Programming (77)/ Programming နှင့်ပတ်သက်ပြီး သင်တန်း (77 )ခု ရှာရန်နှိပ်ပါ။
ယခုနှစ်တွင် သင်ရိုးဟောင်းအတိုင်း သင်ယူနေသည့် န၀မတန်း (Grade-10) ကျောင်းသားများသည် ပုံမှန်အတိုင်း သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကို ဆက်တက်ရမည် ဖြစ်ပါတယ်။
ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းသစ်များကို စက်တင်ဘာလကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းကစကာ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ရိုးသစ် သင်ပြနည်း သင်တန်းများ ပို့ချမည် ဖြစ်ပါတယ်။
‘‘သြဂုတ်လကုန်လောက်ဆို ပုံနှိပ်စာအုပ်အားလုံးရဲ့ (၉၀) ရာခိုင်နှုန်းလောက်က မူကြမ်းပြီးသွားမှာ။ မှန်းထားတာတော့ စက်တင်ဘာလကုန်ဆိုရင်တော့ ဘာသာစုံအားလုံး သင်ရိုးညွှန်းတမ်းရေးဆွဲပြီးဖြစ်မယ်။ ပြီးရင် ဒါကို ပြန်ပြီးတော့ ပုံနှိပ်ဖြစ်လာဖို့ အတွက် ဒီနှစ်မကုန်မီ အားလုံးပြီးအောင် လုပ်မယ်။ လုပ်ပြီးရင် ၂၀၂၀ ထဲဝင်တာနဲ့ သင်ရိုးသစ်နဲ့ ပတ်သက်တဲ့ သင်တန်းကို ဗဟိုအဆင့်၊ နည်းပြအဆင့် တောက်လျှောက်သွားဖို့ရှိတယ်’’ ဟု ဒေါက်တာ တင်မောင်ဝင်းက ဆိုပါတယ်။
အခြေခံပညာ မူလတန်းသင်ရိုး ညွှန်းတမ်းအသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်း သင်ရိုးညွှန်းတမ်း အသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားပါတယ်။
Read More:>>>>> လူထုစိန်ဝင်းပညာသင်ဆု စက်တင်ဘာလ (၁၅) ရက်အထိ လျှောက်ထားနိုင်ပြီ
အခြေခံပညာရေးကို သူငယ်တန်းအပါအဝင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ် (သူငယ်တန်း + ၁၂ တန်း) စနစ်သစ်အဖြစ် စတင်ပြောင်းလဲနေပါတယ်။
၂၀၁၆-၁၇ ပညာသင်နှစ်တွင် (KG)၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် (Grade-1)၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် (Grade-2)၊ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်တွင် (Grade-3) နှင့် (Grade-6) တို့ကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားနေပါတယ်။
အခြေခံပညာတွင် ယခင်ကသူငယ်တန်းမှ ဒသမတန်းအထိ (၁၁) တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါဒသမတန်းအထိ (၁၃) တန်း တက်ရောက်ရမည် ဖြစ်ပါတယ်။
Source 7Day Daily