သင်ရိုးသစ် (၁၂) တန်းပြီးဆုံးပါက တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ကျင်းပမည်

သင်ရိုးသစ် (၁၂) တန်းပြီးဆုံးပါက တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ကျင်းပမည်

သင်ရိုးသစ် (၁၂) တန်းပြီးပါက တက္ကသိုလ် ဝင်စားမေးပွဲ ဆက်လက်ကျင်းပမည်ဖြစ်ပြီး စာမေးပွဲ မအောင်မြင်သူများ အလုပ်အကိုင်ရရှိနိုင်မည့် အထက်တန်းပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကပြောပါသည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်သင်ကြားမည့် ဒွါဒသမတန်း (Grade-12) ပြီးမြောက်သူများသည် ပုံမှန်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောပါသည်။

 

ယင်းတက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်များသို့ တိုက်ရိုက်တက်ရောက်နိုင်ပြီး မအောင်မြင်သူများအား အခြေခံ အထက်တန်း သင်ယူပြီးမြောက်ခြင်း လက်မှတ်ရရှိမည်ဖြစ်ကြောင်း သိရပါသည်။

 

“ Grade 12 ပြီးတဲ့ အကြောင်းကို Completion Certificate ပေးမယ်၊ Certificate ရပြီးရင် သူက Level 3 ပြီးသွားတာဖြစ်တဲ့အတွက် Level4,5 မှာရှိတဲ့ Vocational Training တွေ Undergraduate Diploma တွေသူတက်လို့ရမယ်။ ဒါပေမဲ့ တက္ကသိုလ်တွေကို တိုက်ရိုက်ဝင်ဖို့ အတွက်ကတော့ Matric ကစာမေးပွဲကရှိနေဦးမှာပဲ။ တက္ကသိုလ်တိုက်ရိုက်ဝင်ချင်တဲ့သူကတော့ ဝင်ဖြေရမှာ" ဟုညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

သင်ယူပြီးမြောက်ခြင်း လက်မှတ်ကို ယခုပညာသင်နှစ်တွင် စတင်ပေးမည်ဖြစ်ကြောင်းသိရပါသည်။

 

ယင်းလက်မှတ်ရရှိပါက Vocational Training များ၊ Undergraduate Diploma သင်တန်းများနှင့် အလုပ်အကိုင်များ ရရှိမည်ဖြစ်ပါသည်။

 

“ Vocational Training တွေ Undergraduate Diploma တွေရယ် နောက်ပြီး Bachelor ကိုသွားဖို့အတွက် သူ့မှအခွင့်အရေးရှိတယ်။ အဲဒီအတွက် သူတို့က တက္ကသိုလ်ဝင်ခွင့်လည်း မဆုံးရှုံးသွားဘူး။ ပိုပြီးတော့အခွင့်အရေးပိုကောင်းလာမှာပေါ့" ဟုဦးကိုလေးဝင်းက ပြောပါသည်။

 

သင်ယူပြီးမြောက်ခြင်း လက်မှတ်ရရှိရန် ကျောင်းခေါ်ချိန်ပြည့်မီခြင်း၊ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက်တက်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေအနုပညာလှုပ်ရှားမှုများနှင့် စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍလှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမူရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်းနှင့် အားကစားနှင့် ကာယလှုပ်ရှားမှုများဆောင်ရွက်စသည့်ပုံစံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။

 

Read More>>>> မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း၊နေပြည်တော်) လျှောက်လွှာခေါ်ယူခြင်း

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဦးရေသည် သုံးပုံတစ်ပုံသာရှိသောကြောင့် စာမေးပွဲအောင်မြင်သူများအတွက် အထက်တန်းသင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးရခြင်းဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူရှစ်သိန်းကျော်ရှိကာ နှစ်သိန်းကျော်သာအောင်မြင်ခဲ့ပါသည်။

 

Source: Daily Eleven

 

News Read 9349 times