ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့၌ မဟာဝိဇ္ဇာဘွဲ့သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့၌ မဟာဝိဇ္ဇာဘွဲ့သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့၌ နိုဝင်ဘာနောက်ဆုံးပတ်မှ စ၍ မဟာဝိဇ္ဇာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းသင်တန်းများကို ဖွင့်လှစ်ရခြင်းမှာ အနုပညာရပ်နှင့် ပတ်သက်၍ အဆင့်မြင့်ပညာရပ်များ ပိုမိုသင်ကြားနိုင်စေရေး၊ ပိုမိုထူးချွန်သော အနုပညာရှင်များ ပေါ်ထွန်းရေးနှင့် သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်သည်။

READ - ဥပဒေပညာဘွဲ့သင်တန်း (Online LL.B) သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာ အထူးပြုဘာသာရပ်ငါးခု အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကို အဆိုပါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှစ်ခုအနက် နှစ်သက်ရာ တက္ကသိုလ်၌ တက်ရောက်နိုင်ပြီး သင်တန်းကာလနှစ်နှစ် ကြာမြင့်မည်ဖြစ်သည်။

မဟာဝိဇ္ဇာဘွဲ့သင်တန်းများတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တစ်ခုစီ၌ အထူးပြုဘာသာရပ်တစ်ခုလျှင် သင်တန်းသား ၂၅ ဦး လက်ခံမည်ဖြစ်သည်။

ထိုတက္ကသိုလ်၂ခုရှိ ဆရာ၊ ဆရာမများနှင့် ပြင်ပပညာရှင်များက သင်တန်းပို့ချပေးမည် ဖြစ်သည်။

“အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာဆို မဟာတန်းတက်ခွင့်အတွက် အဆင့်မီတဲ့ ကျောင်းသားဦးရေ ၈၃၀ ကျော် ရှိနေပြီ။ မန္တလေးမှာဆိုရင် ဦးရေ ၂၀၀ ကျော်လောက်ရှိလို့ ဖွင့်ပေးတာပါ” ဟု ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2128 times