Sales Hotline : 09448001653       Download App



အဝေးသင်တက္ကသိုလ်ပထမနှစ် ဝင်ခွင့်ရစာရင်းများ နိုဝင်ဘာကုန်ကြေညာမည်။

ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္သူမ်ားအနက္အေဝးသင္တကၠသိုလ္ ပထမႏွစ္တက္ေရာက္ခြင့္ရသူစာရင္းမ်ားကို ႏိုဝင္ဘာလကုန္တြင္ေၾကညာမည္ျဖစ္သည္။

(၂၀၂၀) အေဝးသင္တကၠသိုလ္ ပထမႏွစ္သင္တန္းေက်ာင္းအပ္လက္ခံျခင္းကုိ ဒီဇင္ဘာလကုန္တြင္ စတင္ေဆာင္ရြက္ေပးမည္ျဖစ္ရာ ယင္းမတိုင္မီတက္ေရာက္ခြင့္ရသူမ်ားစာရင္းကို သက္ဆိုင္ရာတကၠသိုလ္မ်ား၏ Website မ်ားမွတစ္ဆင့္ေၾကညာမည္ျဖစ္သည္။

“တစ္ဆင့္ခ်င္းလာမွာပါ။ ဝိဇၨာ၊ သိပၸံတကၠသိုလ္ေတြ၊ အသက္ေမြးဝမ္းေက်ာင္းတကၠသိုလ္ေတြက အခုေၾကညာထားပါၿပီ။ ၿပီးရင္အေဝးသင္တကၠသိုလ္ေတြေၾကညာမွာပါ။” ဟု အဆင့္ျမင့္ပညာဦးစီးဌာနညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။

ဝင္ခြင့္တိုက္ရိုက္ေခၚဆိုသည့္တကၠသိုလ္ (၁၄) ခု၊ ေဆးတကၠသိုလ္ႏွင့္ ေဆးႏီွးႏႊယ္တကၠသိုလ္မ်ား၊ နည္းပညာႏွင့္ကြန္ပ်ဴတာတကၠသိုလ္မ်ား၊ ဝိဇၨာ/သိပၸံ တကၠသိုလ္မ်ားဝင္ခြင့္ရစာရင္းကို ေအာက္တိုဘာ (၂၅) ရက္တြင္ေၾကညာခဲ့သည္။ (၂၀၁၉) တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္သူမ်ားအတြက္ အဆင့္ျမင့္ပညာဦးစီးဌာနသို႔ေလွ်ာက္ထားရမည့္ တကၠသိုလ္မ်ားစာရင္းတြင္ အေဝးသင္တကၠသိုလ္မ်ားကိုထည့္သြင္းထားသည္။

အေဝးသင္တကၠသိုလ္ဝင္ခြင့္ကို အဆင့္ျမင့္ပညာဦးစီးဌာန တကၠသိုလ္ဝင္ခြင့္ေရြးခ်ယ္ေရးအဖဲြ႔က ေရြးခ်ယ္မည္ျဖစ္သည္။ အေဝးသင္တကၠသိုလ္တက္ေရာက္ခြင့္ရသူမ်ားစာရင္းေၾကညာၿပီးပါက ၄င္းတို႔တက္ေရာက္ခြင့္ရေသာ အထူးျပဳဘာသာရပ္အလိုက္ ပထမအသုတ္၊ ဒုတိယအသုတ္၊ တတိယအသုတ္ခဲြထားမည္ျဖစ္ၿပီး တစ္သုတ္ခ်င္းေက်ာင္းအပ္လက္ခံမည္ျဖစ္ပါသည္။

အေဝးသင္တကၠသိုလ္တက္ခြင့္ရေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ သတ္မွတ္ရက္အတြင္း ေက်ာင္းအပ္ရမည္ျဖစ္သည္။ စာစဥ္မ်ားတင္သြင္းထားၿပီး စာေမးပဲြဝင္ခြင့္ေလွ်ာက္လႊာတင္သြင္းၿပီးမွသာ စာေမးပဲြေျဖဆိုခြင့္ျပဳမည့္အျပင္ စာေမးပဲြမေျဖဆိုမီ အနီးကပ္ပို႔ခ်သင္တန္းမ်ားတက္ေရာက္ရန္လည္း တကၠသုိလ္မ်ားက (၂၀၁၉) တကၠသိုလ္ဝင္ခြင့္လမ္းညႊန္တြင္ ထည့္သြင္းေၾကညာထားသည္။

အေဝးသင္တကၠသိုလ္မ်ား၏အတန္းတင္စာေမးပဲြမ်ားကို ပညာသင္ႏွစ္ (၁) ႏွစ္လွ်င္ (၁) ၾကိမ္သာျပဳလုပ္ၿပီး ေနာက္ဆက္တဲြစာေမးပဲြျပန္လည္ေျဖဆိုခြင့္ေပးမည္ မဟုတ္ေၾကာင္း တကၠသိုလ္ဝင္ခြင့္လမ္းညႊန္တြင္ေၾကညာထားသည္။ ထို႔အျပင္စာေမးပဲြတြင္ မသမာမႈမ်ားျပဳလုပ္ပါက (၁) ႏွစ္မွ (၃) ႏွစ္အထိ ေက်ာင္းမွထုတ္ပက္မည္ဟု အေဝးသင္တကၠသိုလ္စာေမးပဲြဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားတြင္ ေဖာ္ျပထားသည္။

ယခုပညာသင္ႏွစ္တြင္ အေဝးသင္တကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူ (၅) သိန္းခန္႔ရွိၿပီး ျမန္မာႏိုင္ငံရွိ တကၠသုိလ္ေက်ာင္းသား၊ ေက်ာင္းသူ (၆၀%) ခန္႔ အေဝးသင္တက္ေရာက္ေၾကာင္း ပညာေရးဝန္ၾကီးဌာန အခ်က္အလက္မ်ားတြင္ေဖာ္ျပထားပါသည္။

Source: 7Day News
 

*Unicode*

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက်အဝေးသင်တက္ကသိုလ် ပထမနှစ်တက်ရောက်ခွင့်ရသူစာရင်းများကို နိုဝင်ဘာလကုန်တွင်ကြေညာမည်ဖြစ်သည်။

(၂၀၂၀) အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းကျောင်းအပ်လက်ခံခြင်းကို ဒီဇင်ဘာလကုန်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ရာ ယင်းမတိုင်မီတက်ရောက်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်များ၏ Website များမှတစ်ဆင့်ကြေညာမည်ဖြစ်သည်။

“တစ်ဆင့်ချင်းလာမှာပါ။ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေက အခုကြေညာထားပါပြီ။ ပြီးရင်အဝေးသင်တက္ကသိုလ်တွေကြေညာမှာပါ။” ဟု အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

ဝင်ခွင့်တိုက်ရိုက်ခေါ်ဆိုသည့်တက္ကသိုလ် (၁၄) ခု၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များဝင်ခွင့်ရစာရင်းကို အောက်တိုဘာ (၂၅) ရက်တွင်ကြေညာခဲ့သည်။ (၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် အဆင့်မြင့်ပညာဦးစီးဌာနသို့လျှောက်ထားရမည့် တက္ကသိုလ်များစာရင်းတွင် အဝေးသင်တက္ကသိုလ်များကိုထည့်သွင်းထားသည်။

အဝေးသင်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်မည်ဖြစ်သည်။ အဝေးသင်တက္ကသိုလ်တက်ရောက်ခွင့်ရသူများစာရင်းကြေညာပြီးပါက ၎င်းတို့တက်ရောက်ခွင့်ရသော အထူးပြုဘာသာရပ်အလိုက် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်ခွဲထားမည်ဖြစ်ပြီး တစ်သုတ်ချင်းကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်တက်ခွင့်ရကျောင်းသား၊ ကျောင်းသူများသည် သတ်မှတ်ရက်အတွင်း ကျောင်းအပ်ရမည်ဖြစ်သည်။ စာစဉ်များတင်သွင်းထားပြီး စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ပြုမည့်အပြင် စာမေးပွဲမဖြေဆိုမီ အနီးကပ်ပို့ချသင်တန်းများတက်ရောက်ရန်လည်း တက္ကသိုလ်များက (၂၀၁၉) တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းကြေညာထားသည်။

အဝေးသင်တက္ကသိုလ်များ၏အတန်းတင်စာမေးပွဲများကို ပညာသင်နှစ် (၁) နှစ်လျှင် (၁) ကြိမ်သာပြုလုပ်ပြီး နောက်ဆက်တွဲစာမေးပွဲပြန်လည်ဖြေဆိုခွင့်ပေးမည် မဟုတ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ကြေညာထားသည်။ ထို့အပြင်စာမေးပွဲတွင် မသမာမှုများပြုလုပ်ပါက (၁) နှစ်မှ (၃) နှစ်အထိ ကျောင်းမှထုတ်ပက်မည်ဟု အဝေးသင်တက္ကသိုလ်စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည်။

ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၅) သိန်းခန့်ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ (၆၀%) ခန့် အဝေးသင်တက်ရောက်ကြောင်း ပညာရေးဝန်ကြီးဌာန အချက်အလက်များတွင်ဖော်ပြထားပါသည်။

Source: 7Day News
 

Government School Latest Post News Read 11644 times