ပထမဆုံးဖွင့်လှစ်မည့် B.A/B.Sc စာပေးစာယူသင်တန်းအတွက် သင်တန်းသားများခေါ်ယူမည်

ပထမဆုံးဖွင့်လှစ်မည့် B.A/B.Sc စာပေးစာယူသင်တန်းအတွက် သင်တန်းသားများခေါ်ယူမည်

ပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များတွင် ပထမဆုံးဖွင့်မည့် B.A/B.Sc (Education) စာပေးစာယူသင် တန်းအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ (D.TEd)ရပြီး ဘွဲ့မရသေးသူ အခြေခံပညာ ဆရာ/ဆရာမ (၁၆,၀၀၀) ခေါ်မည်ဟု အဆင့်မြင့် ပညာဦးစီးဌာနက ပြောကြားကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

 

B.A/B.Sc (Education) သင်တန်းနှင့် ပတ်သက်၍ တိကျသော မူဝါဒများ ထုတ်ပြန်ပေးရန် အပါအဝင် အချက်() ချက်ကို နိုင်ငံအနှံ့ရှိ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများက ဩဂုတ် (၁၉) ရက်ကစတင်ကာ တစ်ရက်လျှင် နှစ်ကျောင်းနှုန်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဖြင့် တောင်းဆိုပါတယ်။

 

ထိုတောင်းဆိုချက်များနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်မြင့်ပညာဦးစီးဌာနတာဝန် ရှိသူများက စက်တင်ဘာ () ရက် တွင် ပညာရေးကောလိပ်ကျောင်း သားသမဂ္ဂများ ကိုယ်စားပြုကော်မတီနှင့် တွေ့ဆုံခဲ့ပါတယ်။

 

Pharmaceutical (41)ဆေးဝါးဆိုင်ရာသင်တန်းများနှင့် ပတ်သက်ပြီး (41) ခုရှာရန်နှိပ်ပါ။

 

၎င်းတွေ့ဆုံပွဲတွင် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက B.A/B.Sc (Education) စာပေးစာယူသင်တန်းအတွက် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် (,၅၀၀) ဦး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ပြည်၊ မုံရွာ၊ မကွေး၊ မိတ္ထီလာ၊ ပုသိမ်၊ ထားဝယ်၊ တောင်ကြီး၊ ကျောက်ဖြူ ပညာရေးဒီဂရီ ကောလိပ်များတွင် ဝင်ဆံ့လူဦးရေ အရစုစုပေါင်း D.TEd သင်တန်း ဆင်း (၁၆,၀၀၀) ဦး လက်ခံမည်ဟု ပြောကြားကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

 

Seamanship (41) သဘောင်္သားသင်တန်းဆိုင်ရာသင်တန်းများနှင့် ပတ်သက်ပြီး (41) ခုရှာရန်နှိပ်ပါ။

 

ပညာရေးကောလိပ်ပြီးရင် ပညာရေးတက္ကသိုလ်နဲ့ ဒီဂရီကောလိပ်ကဖွင့်မယ့် စာပေးစာယူမှာ တတိယနှစ်၊ စတုတ္ထနှစ်တက်ပြီးတော့ B.A (Education), B.Sc (Education) တက်လို့ရမယ်။ အဲဒီကနေ Qualified ဖြစ်ရင် B.Ed တစ်နှစ်ဆက်တယ်၊ မဟုတ်ရင် ယှဉ်ပြိုင်စာမေးပွဲ ဖြေပြီးတော့B.Ed တစ်နှစ်ဆက်တက်လို့ရမယ်’’ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားပါတယ်။

 

လက်ရှိတွင် ရန်ကုန်နှင့်စစ်ကိုင်းပညာရေးတက္ကသိုလ်နှစ်ခု၌ B.Ed (Bachelor of Education) ငါးနှစ်သင်တန်းများ ဖွင့်လှစ်နေ ပြီး ပညာရေးကောလိပ်များတွင် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းများ ဖွင့်နေပါတယ်။

 

Read More:>>>> ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်CHRD (65) ဘာသာစကားအချိန်ပိုင်း သင်တန်းများခေါ်ယူခြင်း

 

လာမည့် ၂၀၁၉-၂၀ ပညာ သင်နှစ် ဇွန်လကစကာ ပညာရေး တက္ကသိုလ်နှစ်ခု၌ B.A/B.Sc (Education) စာပေးစာယူသင်တန်းများ ထပ်တိုးဖွင့်မည်ဖြစ်ပြီး ပညာရေးကောလိပ်များကိုလည်း လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးကာ B.A/ B.Sc (Education) ဘွဲ့သင်တန်း အပြင် စာပေးစာယူသင်တန်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်ပါတယ်။

 

Source: 7Day Daily

 

News Read 23508 times