၂၀၁၉-၂၀၂၀ ပညာသင်နှစ် BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း

၂၀၁၉-၂၀၂၀ ပညာသင်နှစ် BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း

၁။ မန္တလာဒီဂရီကောလိပ် ကောလိပ်တွင် အောက်ဖော်ပြပါဘွဲ့သင်တန်းအား ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။
** Bachelor of Tourism and Hospitality Management သင်တန်း ပေးအပ်မည့်ဘွဲ့ (BTHM) ၊ သင်တန်းကာ လ (၄) နှစ် လက်ခံမည့်ဦးရေ (၂၀၀) ဦး ဖြစ်ပါသည်။(အချိန်ပြည့်တက်ရောက်ရမည်)


၂။ အဆိုပါ ဘွဲ့သင်တန်းအတွက်  ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူမျာသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာဘာသာတွင် အနည်းဆုံးအမှတ် (၆၀) ရရှိထားပြီး စုစုပေါင်းအမှတ် (၄၀၀) နှင့် အထက်ရရှိသူများဖြစ်ရပါမည်။ သတ်မှတ်လျှောက်လွှာပုံစံအား မန္တလာဒီဂရီကောလိပ် ကျောင်းသားရေးရာဌာနတွင် လည်းကောင်း၊ https://www.mdi.edu.mm wp-contentuploads/2019/06/BTHM.pdf မှလည်းကောင်း၊ ထုတ်ယူ၍ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။


၃။ သင်တန်းစတင်ဖွင့်လှစ်မည့်ရက် (၃-၁၂-၂၀၁၉) ဖြစ်ပါသည်။


၎။ လျှောက်လွှာတင်သွင်းရမည့်နေရာ (ကျောင်းသားရေးရာဌာန၊ မန္တလာဒီဂရီကောလိပ်) ဖြစ်ပါသည်။


၅။ လျှောက်လွှာစတင်ထုတ်ပေးမည့်ရက် (၁-၈-၂၀၁၉) နေ့ဖြစ်ပါသည်။


၆။ လျှောက်လွှာစတင်တင်သွင်းရမည့်ရက် (၁-၈-၂၀၁၉) နေ့ ဖြစ်ပါသည်။


၇။ လျှောက်လွှာပိတ်ရက် (၃၀-၈-၂၀၁၉) နေ့ဖြစ်ပါသည်။


၈။ ဝင်ခွင့်ရရှိသူများစာရင်းကြေညာမည့်ရက် (၁၅-၁၀-၂၀၁၉)နေ့ ဖြစ်ပါသည်။


၉။ ကျောင်းဝင်ခွင့်မှတ်ပုံတင်ရမည့်ရက် (၁၅-၁၁-၂၀၁၉) နေ့ဖြစ်ပါသည်။


၁၀။ အောက်ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
** လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရပါမည်။
** ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူသာ ဖြစ်ရပါမည်။
** အခြားတက္ကသိုလ် တစ်ခုခုတွင် တက်ရောက်ပညာသင်ကြားနေသူမဖြစ်ရပါ။
** လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည်။
(က) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်းမူရင်း
(ခ) လျှောက်ထားလိုသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
(ဂ) လိုင်စင်ဓာတ်ပုံ (၂) ပုံ(ပူးတွဲ)

 

Read More: ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းသားများခေါ်ယူခြင်း


၁၁။ ဝင်ခွင့်ရရှိသူများစာရင်းကို (၁၅-၁၀-၂၀၁၉) ရက်တွင် မန္တလာဒီဂရီကောလိပ်တွင် ကြေညာထားပါမည်။ ဝင်ခွင့်ရရှိသူများသည် ကျောင်းလာရောက်အပ်နှံသည့်အခါ ကျောင်းသားနှင့်မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် (မပျက်မကွက် ) ယူဆောင်လာရပါမည်။


၁၂။ အသေးစိတ်သိရှိလိုပါက မန္တလာဒီဂရီကောလိပ် သင်တန်းရေးရာဌာန ဖုန်းနံပါတ် (၀၂-၅၁၅၄၉၅၆၊ ၀၉-၄၇၀၅၂၁၅၉) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Source: မန္တလာဒီဂရီကောလိပ်

 

News Read 1905 times