ကူးယူဖြေဆိုခြင်းများကို စစ်ဆေးတွေ့ရှိပါက အမှတ်လျှော့ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းတို့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်ရန်ကုန်အဝေးသင်တက္ကသိုလ်၏ အဝေးသင်ကျောင်းသား၊ကျောင်းသူများဖြေဆိုရမည့် အဆိုင်းမန့်များကိုမပျက်မကွက် မိမိကိုယ်တိုင်ဖြေဆိုသွားကြရမည်ဖြစ်ပြီး အဆိုင်းမန့်များ၏နောက်ဆုံးတင်သွင်းရက်များအတိုင်း နောက်မကျပဲတင်သွင်းရမည်ဖြစ်ကြောင်း၊အဆိုင်းမန့်များကိုဖြေဆိုရာတွင်မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့်ဖြေဆိုရန်အတွက်စာစဉ်ဖြေဆိုနည်းလမ်းညွှန်များကို ထုတ်ပေးထားသည့်အတွက်ပြင်ပမှအသင့်ဖြေဆိုရန် ရောင်းချသည့်စာအုပ်များ (သို့မဟုတ်) ကျောင်းသုံးစာအုပ်လမ်းညွှန်စာအုပ်များမှ တိုက်ရိုက်ကူးယူဖြေဆိုခြင်းများကို
စစ်ဆေးတွေ့ရှိပါက အမှတ်လျှော့ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းတို့ပြုလုပ်မည်ကို သတ်မှတ်ထားကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရသည်။
“ဒီစည်းကမ်းသတ်မှတ်ချက်ရှိတာကို ကျောင်းသားကျောင်းသူတွေဂရုပြုကြဖို့လိုပါမယ်။သတ်မှတ်ထားတဲ့အချိန်မှာ အချိန်မှီတင်သွင်းရမယ်၊ကိုယ်တိုင်ဖြဆိုတာတွေလုပ်ရမယ်။ပြီးခဲ့တဲ့နှစ်တေါကဒီလိုပဲသတ်မှတ်ခဲ့တယ်။ကျောင်းသားကျောင်းသူတိုင်းသိအောင်စာစဉ်သည်းကမ်းချက်မှာ
လည်းထည့်သွင်းဖော်ပြပေးထားတယ်”ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဝေးသင်ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့ဖြေဆိုပြီးစီးသောအဆိုင်းမန့်များကိုသတ်မှတ်ရက်ထက်နောက်မကျပဲတင်သွင်းရမည်ဖြစ်ပြီးသတ်မှတ်ရက်ထက်နောက်ကျပြီးရောက်ရှိလာသော အဆိုင်းမန့်များကိုလက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း၊ ပထမနှစ်ဝက်အဆိုင်းမန့်များနှင့်ဒုတိယနှစ်ဝက်အဆိုင်းမန့်များကိုတစ်ပေါင်းတည်းတင်သွင်းခြင်းများကို
လဲလက်ခံမည်မဟုတ်ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူတိုင်းတွင် မော်ကျူးတစ်ခုစီတွင် အဆိုင်းမန့်နှစ်ခုစီ တင်သွင်းရမည်ဖြစ်ကြောင်း၊ပထမနှစ်အဆိုင်းမန့်တွင် မော်ကျူး ၆ ခုအတွက်
အဆိုင်မန့်၁၂ခုနှင့် ဒုတိယနှစ်ဝက်မော်ကျူးခြောက်ခုအတွက် အဆိုင်းမန့် ၁၂ ခုတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
source;Democracy