ယင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တဲ့ နိုင်ငံများကို တင်ဆက်ပေးလိုက်ပါသည်။
၁. UK
ဗီဇာ
စည်းမျဉ်းဥပဒေ အသစ်တွေဟာ နိုင်ငံတကာကျောင်းသားများ ဘွဲ့ရပါကအလုပ်အကိုင်ရရှိဖို့ ခက်ခဲပါသည်။ ဒီတော့ လုပ်ငန်းရှင်က မိမိကို Sponsor ပေးဖို့လိုအပ်ပြီး၊ နှစ်စဉ်လစာ ပေါင် ၂၀၈၀၀ပေးရမှာလည်းဖြစ်ပါသည်။ အသေးစိတ်ကို ဒီ LINK မှာဝင်ရောက်ဖတ်ရူနိုင်ပါသည်။
အလုပ်အကိုင်ဈေးကွက်
ဘွဲ့ရပြီး အလုပ်အကိုင်ရနိုင်ခြေကမြင့်ပါတယ်။ ၆လအတွင်းအလုပ်ရနိုင်ခြေ ၇၀ရာခိုင်နှုန်းအထိရှိပါသည်။ ဒါပေမယ့်နိုင်ငံဟာ အရမ်းအပြိုင်အဆိုင်များပြီး၊ ဘွဲ့ရများဟာလည်း ဒီအလုပ်အနည်းငယ်တို့ကို ၀ိုင်းလျောက်ကြ လို့လည်းဖြစ်ပါသည်။
နေထိုင်မှုစရိတ်
UK ဟာနေထိုင်ဖို့အတွက် အရမ်းကိုဈေးကြီးပြီး၊ အထူးသဖြင့် LONDON မှာပိုဆိုးကာ အိမ်ငှားခတွေက အရမ်းမြင့်ပါသည်။ ဒီတော့ အခြားကိုယ့်လို အလုပ်လုပ်နေသူတွေနဲ့ အတူတူ အိမ်ငှားနေမှ အဆင်ပြေပါတယ်။
၂. ဂျာမနီ
ဗီဇာ
EU လူမျိုးများအတွက်ဆိုရင်တော့ ဂျာမနီဟာ ဗီဇာကိုစိတ်ပူစရာမလိုတဲ့နေရာကောင်းပါ။ ဒါပေမယ့် အခြား လူမျိုးများအတွက်ဆိုရင်တော့ ပိုမိုခက်ခဲပြီး၊ EUလူမျိုးများ မလုပ်နိုင်တဲ့ အလုပ် (ဒါမှမဟုတ်) ကိုယ့်အရမ်း ထူးချွန်မှာသာ အလုပ်ရနိုင်မှာပါ။
အလုပ်အကိုင်ဈေးကွက်
ဂျာမနီဟာ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများပြားပြီး၊ ဂျာမန်ဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဖို့လိုပါသည်။ အင်္ဂလိပ်စကားပြောတတ်ရုံ ခန့်တဲ့အလုပ်တွေကလည်းအလွန် အပြိုင်အဆိုင်များပါသည်။ အလုပ်လက်မဲ့နှုန်းဟာ ဂျာမနီတွင် နည်းပါးပြီး၊ အနောက်ဂျာမနီထက် အရှေ့ဂျာမနီ သည် အလုပ်အကိုင်အခွင့်အလမ်းပိုမိုနည်းပါးပါသည်။
နေထိုင်စရိတ်
အလွန်ဈေးသက်သာပြီး၊ Munich မှာ ပိုသက်သာပါသည်။ ဘာလင်မှာတော့ အနည်းငယ်ဈေးကြီးပါသည်။
၃. Canada
ဗီဇာ
အလုပ်အကိုင် ဗီဇာနိုင်ငံတကာအတွေ့အကြုံနဲ့ အသက် ၃၅နှစ်အောက် လူတွေရနိုင်ခြေပိုများပါသည်။ လျောက်လိုရင် ဒီ Link မှာဝင်ရောက်နိုင်ပြီး ဘဏ်အကောင့်မှာ C$2500 ရှိဖို့လိုပါသည်။
အလုပ်အကိုင်ဈေးကွက်
အလုပ်လက်မဲ့နှုန်းဟာ ၇ ရာခိုင်နှုန်းအောက်ဖြစ်ပြီး၊ ပြင်သစ်နဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ဖို့လို ပါသည်။ ကနေဒါ စီးပွားရေးအခြေအနေဟာ အရမ်းမကောင်းပေးမဲ့၊ လက်ရှိမှာ အလုပ်အကိုင်ရရှိနိုင်ခြေ မြင့်သော်လည်း၊ အလုပ်လက်မဲ့နှုန်းဟာ နောက်နှစ်မှာ တက်လာနိုင်ခြေရှိပါသည်။
နေထိုင်မှုစရိတ်
ကနေဒါဟာ အခြားဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် သက်သာပြီး၊ UK နိုင်ငံဟာ ၂၅%ပိုများပါသည်။ Currency ဟာလည်း အရမ်းမမာပါဘူး။ ဒါပေမယ့် လစာပေးနှုန်းဟာမြင့်မားတဲ့အတွက် ကောင်းကောင်းမွန်မွန် နေနိုင်ပါသည်။
Source - Student.com