လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ် သင်တန်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ် သင်တန်းဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

 

အဆိုပါ သင်တန်းတက်ရောက်လိုသူများ အတွက် ၀င်ခွင့်အရည်အချင်းမှာ တက္ကသိုလ် တစ်ခုခုမှဘွဲ့ရရျိသူများ ဖြစ်ရမည်ဖြစ်ကြောင်းနှင့် သင်တန်းကို မေလ ၂၉ ရက်နေ့မှစပြီး လက်ခံပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားသည်။ သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှုဘွဲ့လွန် ဒီပလိုမာဘွဲ့ Diploma in Myanmar History and Culture ဟူသော သင်တန်းအောင်လက်မှတ် ရရှိမည်ဖြစ် သည်။

 

သင်တန်းကာလမှာ ၈ လကြာမြင့်မည်ဖြစ်ပြီ သင်တန်းသားအရေအတွက် ၁၀၀ ဦးအထိသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အခန်းအမှတ် (V-105) သမိုင်းဌာန၊ ဝေသာလီဆောင်၊ ရန်ကုန်တက္ကသိုလ် ဖုန်း ၀၁-၅၃၆၉၉၆ သို့ဆက်သွယ် စုံစမ်းနိုင်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Internet

News Read 3215 times