**ပညာသင်ရိတ်ထောက်ပံ့ပေးမဲ့ တယ်လီနောမြန်မာရဲ့ အစီစဉ်တွင် လျှောက်ထားနိုင်သူများမှာ**
၁။ မြန်မာနိုင်ငံသား ဖြစ်ရမည်။
၂။ ရန်ကုန်တွင် MBA သင်တန်းတက်နိုင်သူဖြစ်ရပါမည်။
၃။ တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် ဘွဲ့ရထားသူဖြစ်ရပါမည်။
၎။ ICT/ နည်းပညာကို အသုံးပြုပြီး ရည်ရှည်တည်တံ့ခိုင်မြဲသည့် ဖြေရှင်းနည်းများဖြင့် စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများ တိုးတက်ရေးအတွက် စိတ်အားထက်သန်သူ ဖြစ်ရပါမည်။
၅။ လက်ရှိတယ်လီနော ဝန်ထမ်းများနှင့် MMC ဝန်ထမ်းများမပါဝင်ပါ။
**လျှောက်လွှာအတွက် လိုအပ်ချက်များ**
အွန်လိုင်းလျှောက်လွှာပြည့်စုံစွာ ဖြည့်ပေးရန်၊ အွန်လိုင်းလျှောက်လွှာဖြည့်ရာတွင် အောက်ပါစာရွက်စာတမ်းများ တပါတည်းတွဲတင်(Upload) ရပါမည်။ Scam ဆွဲပြီးသော်လည်းကောင်း၊ ဓာတ်ပုံရိုက်၍သော်လည်းကောင်း၊ အွန်လိုင်းလျှောက်လွှာမဖြည့်ခင် အသင့်ပြင်ထားရပါမည်။
PDF, DOC, DOCX, PNG, JPG, JPEG, GIF Files များသာလက်ခံပါသည်။
**Upload လုပ်ရမည့်စာရွက်စာတမ်းများ**
၁။ နိုင်ငံသားစိစစ်ရေးကဒ် (ရှေ့ခြမ်း၊ နောက်ခြမ်း)
၂။ အိမ်ထောင်စုစာရင်း (ရှေ့ခြမ်း၊ နောက်ခြမ်း)
၃။ ဘွဲ့လက်မှတ်
၎။ နောက်ဆုံးနှစ် အမှတ်စာရင်း
၅။ အလုပ်ထောက်ခံစာ (အလုပ်လုပ်ဖူးလျှင်/လက်ရှိလုပ်ကိုင်နေဆဲဖြစ်လျှင်)
၆။ လက်ရှိအလုပ်မှဝင်ငွေထောက်ခံစာ
၇။ ကိုယ်ရေးအကျဉ်းပုံစံ (CV)
၈။ တခြားတတ်မြောက်အောင်မြင်ထားသော လက်မှတ်များ
၉။ ပတ်စပို့စ်အရွယ်ဓာတ်ပုံ
၁၀။ Personal Statement အား အင်္ဂလိပ်လိုစကားလုံး (၃၀၀ မှ ၅၀၀ အတွင်း) ရေးသားဖော်ပြချက် (အောက်ပါအချက်များထည့်သွင်းရေးသားရပါမည်။ Word Document ဖြင့်ရေးသားနိုင်ပြီး အွန်လိုင်းလျှောက်လွှာတွင် Upload လုပ်ရပါမည်။
၁၁။ သင်သည် ဘာကြောင့် တယ်လီနော MBA ပညာသင်ဆုနှင့် ထိုက်တန်ပါသလဲ။
၁၂။ မိသားစု အကြောင်းနှင့် အခြေအနေအသေးစိတ်။
၁၃။ သင်၏ အသက်မွေးဝမ်းကြောင်းရည်မှန်းချက်နှင့် ဒီပညာသင်ဆုကနေ သင့်ရည်မှန်းချက်များကို အထောက်အကူ ပြုနိုင်မည့်အကြောင်း။
၁၄။ MBA သင်တန်းမှ ရရှိသော အသိပညာဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင် အကျိုးဘယ်လိုသယ်ပိုးမည်လဲ။
၁၅။ အမည်နှင့် မှတ်ပုံတင်နံပါတ်ကို စာမျက်နှာထိပ်တွင် ရေးရန်။
**ဝင္ခြင့္အဆင့္မာ်း**
၁။ ပညာသင်ဆု လျှောက်လွှာနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ပေးပို့ခြင်း။
၂။ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်း။
၃။ ပညာသင်ဆု စာမေးပွဲဖြေဆိုခြင်း။
၎။ ဇကာတင် ရွေးချယ်ခံရသောသူအား တယ်လီနောနှင့် MMC မှ လူတွေ့စစ်ဆေးခြင်း။
၅။ ရွေးချယ်ခံရသူအား ကြေညာခြင်း။
(တဆင့်ခြင်းစီအတွက် ဇကာတင် ရွေးချယ်ခံရသူများကို ကျောင်းမှဆက်သွယ်ပါမည်)
ဝင်ခွင့်အတွက် လျောက်လွှာပိတ်ရက် ၁၄-၆-၂၀၁၉ တယ်လီနော MBA ပညာသင်ဆုလျှောက်ရန် အောက်ပါ link မှတဆင့်လျှောက်ရန်လိုပါသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဖုန်း ၀၉-၂၆၃၃၃၄၂၂၃
တယ်လီနောမှ တရားဝင်ကြေညာထားသည်ကိုလည်းကြည့်ပါရန်ပြောကြားလိုပါသည်။
https://www.facebook.com/TelemorMyanmar/videos/2187815034627609
Source: Khin PyaitWonn ThawTar