အစိုးရနည်းပညာသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ ယူနီဖောင်းများကို ပြောင်းလဲသတ်မှတ်

အစိုးရနည်းပညာသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ ယူနီဖောင်းများကို ပြောင်းလဲသတ်မှတ်

ယခုပညာသင်နှစ်တွင် အစိုးရနည်းပညာသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား ၊ ကျောင်းသူများ၏ ၀တ်စုံမှာ ရှပ်အကျဖြူနှင့် ပုဆိုးနက်ပြာရောင် ၊ ရင်ဖုံးအကျအဖြူနှင့် ထဘီနက်ပြာအရောင်တို့ဖြစ်ပါသည်။

လာမည့်ပညာသင်နှစ်တွင် ရှပ်အကျဖြူနှင့် ဘောင်းဘီနက်ပြာရောင် ၊ ရှူးဖိနပ်တို့ကို ၀တ်ဆင်ရန် ပြောင်းလဲလိုက်ပါသည်။

နည်းပညာတက္ကသိုလ်တွေက ကျောင်းသားဝတ်စုံတွေကို ပြောင်း ၊ မပြောင်း မသိရသေးပါဘူး။

ကျောင်းတွေရဲ့ကျောင်းအုပ်တွေအားလုံးက သဘောတူတယ် ၊ ပြောင်းမယ်ဆိုရင်တော့ ပြောင်းဖို့ရှိမည် ဖြစ်ပါသည်။

ကျောင်းသား ၊ ကျောင်းသူများသည် ကျောင်းစာသင်ချိန်များတွင် ရှူးဖိနပ်များကို ၀တ်ဆင်ထားရမည်ဖြစ်သော်လည်း လက်တွေ့ခန်းသို့ဝင်ရောက်ချိန်များတွင် safety shoe ကို ၀တ်ဆင်ရမည် ဖြစ်ပါသည်။

လာမည့် ပညာသင်နှစ်တွင် သက်မွေးပညာရပ်သင်တန်းဖြစ်သော အေဂျီတီအိုင်သင်တန်းတွင် တက်ရောက်မည့် ကျောင်းသား ၊ ကျောင်းသူများ၏ ၀တ်စုံကိုလည်း ပုဆိုးနှင့် ရှပ်အကျအစား စပို့ရှပ်နှင့် ဘောင်းဘီအရှည် အဖြစ် ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်ပါသည်။

ဝတ်စုံများကို တစ်နိုင်ငံလုံးအတိုင်းအတာအရ တူညီဝတ်စုံများအဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ရင်ဘတ်တံဆိပ်ဖြင့် တက်ရောက်နေသော ကျောင်းအမည်ကို ခွဲခြားသိရှိရမည် ဖြစ်ပါသည်။

အေဂျီတီအိုင်ဒီပလိုမာသင်တန်းများတွင် တက်ရောက်ပြီးစီးသော ကျောင်းသား ၊ ကျောင်းသူများအား လက်မှတ်ချီးမြှင့်ခြင်းကို ဘွဲ့ပေးသည့် အခမ်းအနားပုံစံဖြင့် ပြုလုပ်သွားမည် ဖြစ်ပါသည်။

အောင်လက်မှတ်ချီးမြှင့်ရာတွင် ကျောင်းသား ၊ ကျောင်းသူများသည် ဘွဲ့ဝတ်စုံကဲ့သို့သော နက်ပြာရောင်ဝတ်စုံကို ၀တ်ဆင်ရမည်ဖြစ်ပြီး ဦးထုပ်မှာ မပါဝင်ကြောင်း ၊ အောင်လက်မှတ်ချီးမြှင့်မည့် ကျောင်းအုပ်ကြီးနှင့် စီမံဌာနမှူးများသာ ဦးထုပ်ကို ၀တ်ဆင်ရမည် ဖြစ်ပါသည်။

Source: democracy today

Government School Read 4363 times