ဝိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ်များအတွက် နည်းပြသရုပ်ပြအသစ်များ စတင်ခေါ်ယူ

ဝိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ်များအတွက် နည်းပြသရုပ်ပြအသစ်များ စတင်ခေါ်ယူ

အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်ရှိ ၀ိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ် ၄၉ ကျောင်း၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ၅၆ ကျောင်း၊ ပညာရေးကောလိပ် ၂၄ ကျောင်း တို့အတွက် အသစ်ခန့်အပ်မည့် နည်းပညာ သရုပ်ပြရာထူးနေရာများကို အဆင်မြင့်ပညာဦးစီးဌာနမှ စတင်ခေါ်ယူနေပြီ ဖြစ်သည်။

ခန့်ဖို့အတွက် လိုအပ်ချက်စာရင်းကတော့ တောင်းထားတယ်။ ကျောင်းအလိုက်လိုတဲ့စာရင်းတော့ ရပြီးပြီ။ ၀ိဇ္ဇာ-သိပ္ပံဘက်မှာ ၇၀၀ လောက်ရှိတယ်။ နည်းပညာဘက်မှာတော့ ၆၀၀ လောက်၊ ပညာရေးကောလိပ်တွေနဲ့ ပေါင်းမယ်ဆိုရင် ၁၅၀၀ လောက်ရှိပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လျှောက်ထားသူများကို တစ်ခါတည်းခန့်မှာမဟုတ်သေးဘူး။ လျှောက်တဲ့အထဲကမှ သတ်မှတ်ချက်နဲ့ ကိုက်တဲ့သူတွေကို ရွေးပြီး ခန့်မှာပါ။

လျှောက်ထားသူများကို သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်အလိုက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ပါရဂူဘွဲ့ရရှိသူများသည် လူတွေ့စာမေးပွဲကိုသာ ၀င်ရောက်ဖြေဆိုရမည် ဖြစ်သည်။

ရွေးချယ်ခံရသူများသည် သက်ဆိုင်ရာ ဒီဂရီကောလိပ်များတွင် လုပ်သက် သုံးနှစ်အနည်းဆုံး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

လျှောက်တဲ့ကျောင်းမှာပဲ တိုက်ရိုက်ခန့်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3931 times