နည်းပညာတက္ကသိုလ်များ လာမည့်နိုဝင်ဘာလတွင် ကျောင်းအပ်လက်ခံမည်

နည်းပညာတက္ကသိုလ်များ လာမည့်နိုဝင်ဘာလတွင် ကျောင်းအပ်လက်ခံမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ်များတွင် လက်ရှိတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းအပ် လက်ခံခြင်းများကို နိုဝင်ဘာလ ၁၁ ရက်တွင် စတင်ပြီး ဒီဇင်ဘာလ ၂၁ ရက်အထိ ငါးပတ်ကြာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

READ - နေ့စားလပေးမူလတန်းပြများကို အောက်တိုဘာလကုန်ပိုင်းခန့်တွင် ခေါ်ယူနိုင်ရန်ရည်မှန်းထားဟုဆို

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ၀င်ခွင့်ရရှိခဲ့သော ကျောင်းများတွင် ကျောင်းအပ်ခြင်းများ သွားရောက်လုပ်ဆောင်ရမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။

နည်းပညာတက္ကသိုလ်များ၏ ပထမနှစ်ဝက်စာသင်ချိန်များကို ယခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယင်းရက်မတိုင်ခင် အချိန်တွင် အချိန်မီ ကျောင်းအပ်နှံရမည် ဖြစ်ကြောင်း ကျောင်းအပြောင်းအရွှေ့ပြုလုပ်လိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ၀င်ခွင့်ရရှိထားသော ကျောင်းများတွင် ကျောင်းအပ်နှံပြီးမှ မိမိတို့ ပြောင်းရွှေ့လိုသော ကျောင်းသို့ ၂၁ ရက်အတွင်း အပြောင်းအရွှေ့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“၀င်ခွင့်များကို လာမယ့် အောက်တိုဘာလအကုန် နိုဝင်ဘာလောက်ဆိုရင် သက်ဆိုင်ရာ ကျောင်းအလိုက် ကြေညာပေးပါလိမ့်မယ်” ဟု ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

 source: democracy today

News Read 5149 times