နည်းပညာတက္ကသိုလ်ကျောင်းများ၏ အောင်စာရင်းများ နိုင်ဝင်ဘာလ ဒုတိယအပတ် ထုတ်ပြန်ကြေညာမည်

နည်းပညာတက္ကသိုလ်ကျောင်းများ၏ အောင်စာရင်းများ နိုင်ဝင်ဘာလ ဒုတိယအပတ် ထုတ်ပြန်ကြေညာမည်

မှော်ဘီနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က “နိုဝင်ဘာလ (၁၅) ရက်နေ့မှာ တစ်နိုင်ငံလုံးတူတူ ထုတ်ပြန်ဖို့ ညွှန်ကြားချက်တွေ ထွက်ရှိထားပါပြီ။”လို့ ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့နည်းပညာတက္ကသိုလ်တွေရဲ့စာမေးပွဲတွေကို စက်တင်ဘာလ (၄) ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိ စတုတ္တနှစ် (4 T) အောင်မြင်မယ့် ကျောင်းသားတွေကို B-Tech ဘွဲ့ပေးအပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဒေါက်တာ ကေသီလွင်က ဆက်ပြောပါတယ်။

“ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ အစည်းအဝေးမှာတော့ (B-Tech ဘွဲ့) ပေးသင့်တယ်လို့ စည်းဝေးထားပါတယ်။ ညှိနှိုင်းထားပါတယ်။ ၀န်ကြီးရုံးကိုလည်း တင်ပြထားပါတယ်။ ၀န်ကြီးရုံးက ခွင့်ပြုချက်ကတော့ တရားဝင်မကျသေးဘူး ပေါ့နော်။ ခွင့်ပြုချက်ကို စောင့်နေပါတယ်။” ယခုတစ်ကြိမ်သာ နောက်ဆုံးအနေဖြင့် B-Tech ဘွဲ့ပေးအပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ မလိုအပ်တော့ဘူးလို့ ပြောပါတယ်။

READ - AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဆဌမနှစ်သင်တန်း (6 BE) သင်ရိုးညွှန်းတန်းတွေနဲ့ပတ်သက်ပြီး ဆရာမကြီးက “အွန်လိုင်းပျံ့နေ တာတွေကိုတော့ တရားဝင်အတည်ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ ဘာသာရပ်အဖွဲ့တွေကနေ ကျောင်းတွေမှာ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ဘာသာရပ်အဖွဲ့တွေ၊ ဘာသာရပ်ခေါင်းဆောင်တွေနဲ့ သင်ရိုးညွှန်းတန်းတွေ ဆွေးနွေးပြီးသားရှိပါတယ်။ ကျောင်းတွေကိုလည်း ပို့ပြီးသားပါ။”လို့ ဆက်ပြောပါတယ်။

အောင်စာရင်းထွက်ရှိမည့် ရက်တွေကို အတိအကျသိရတဲ့အတွက် ယခင်လို စိုးရိမ်ပူပန်မှုတွေ မရှိတော့ဘူးလို့ နည်းပညာ တက္ကသိုလ်ကျောင်းသားတချို့က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နည်းပညာတက္ကသိုလ်ကျောင်းပေါင်း (၂၇) ကျောင်းရှိပြီး ပြီးခဲ့တဲ့နှစ်က နည်းပညာ တက္ကသိုလ်ကျောင်းတွေရဲ့ အောင်စာရင်းကို နိုဝင်ဘာလ(၆) ရက်နေ့မှာ တပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Popular News Journal

News Read 5082 times