၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်တွင် လျှောက်ထားခဲ့သူများထဲတွင် နည်းပညာတက္ကသိုလ်များအား လျှောက်ထားခဲ့သူ ၅၈၄၀ ဦးကို လက်ခံခဲ့ပြီး ယခုနှစ်တွင် နည်းပညာတက္ကသိုလ်များထဲ၌ အမှတ်အမြင့်ဆုံးဖြစ်ခဲ့သည့် တက္ကသိုလ်မှာ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ဖြစ်ပြီး ၄၅၇ မှတ်အထိ ရှိခဲ့သည်။
ဝင်ခွင့်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာလည်း သန်လျင်နည်းပညာတက္ကသိုလ်ပြီးပါက အများဆုံးဖြစ်ပြီး ကျား/မ စုစုပေါင်း ၃၃၂ ဦး ၀င်ခွင့်ပေးခဲ့ကြောင်း အဆင့်မြင့်ဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းအမှတ် ၃၆၀နဲ့ အထက်ရရင် လျှောက်လို့ရတယ်ဆိုပြီး ၀င်ခွင့်လမ်းညွှန်ထဲမှာ ထည့်ခေါ်ခဲ့တယ်။ လျှောက်လာတဲ့သူတွေထဲမှာ တက္ကသိုလ်အလိုက် ၀င်ဆံ့အင်အားတွေနဲ့ အမှတ်အနည်းအများစဉ်းပြီးတော့ ၀င်ခွင့်ပေးတာပေါ့” ဟု ပြောကြားသည်။
READ - နည်းပညာတက္ကသိုလ်ကျောင်းများမှ ၀င်ခွင့် လက်ခံသည့်ဦးရေ
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ်များတွင် လက်ရှိတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို နိုဝင်ဘာ ၁၁ ရက်တွင် စတင်၍ ဒီဇင်ဘာ ၂၁ ရက်အထိ ငါးပတ်ကြာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ၀င်ခွင့်ရရှိခဲ့သော ကျောင်းများတွင် ကျောင်းအပ်ခြင်းများကို သွားရောက်လုပ်ဆောင်ရမည်ဖြစ်သည်။
နည်းပညာတက္ကသိုလ်များ၏ ပညာသင်နှစ်သည် ခြောက်နှစ်ဖြစ်ပြီး ပေးအပ်သည့် ဘွဲ့မှာ ဘီအီးဘွဲ့ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိဦးစားပေးအစဉ်အလိုက် အမှတ်မီသော နည်းပညာတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းပညာတက္ကသိုလ်ပေါင်း ၃၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၀၀၀၀ ကျော် ပညာသင်လျက်ရှိကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today