နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အချက် လေးချက် တောင်းဆို

နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အချက် လေးချက် တောင်းဆို

အတန်းတူပေမယ့် သင်ရိုးညွှန်းတမ်းတွေ ကွဲလွဲနေမှုကြောင့် သင်ရိုးတွေ ပြန်လည်ပြုပြင်ပေးဖို့နဲ့ ကျောင်းတွေမှာ လက်တွေ့ခန်းအသုံးပြုမှုမှာ လက်တွေ့ပစ္စည်းတွေ အပြည့်အစုံထားရှိပေးဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဆွေးနွေးတောင်းဆိုတဲ့ အဓိကအချက်တွေထဲက သုံးချက်ကို ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအနေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်ပေးမှာဖြစ်ပြီး အချက်တစ်ချက်ကိုသာ လုပ်ဆောင်ဖို့ ကျန်ရှိနေပါတယ်လို့ သိရပါတယ်။

ဆရာ၊ ဆရာမတွေကို မွမ်းမံ သင်တန်းပေးဖို့ဆိုတဲ့ အချက်တစ်ချက်ကို မလုပ်ပေးနိုင်သေးဘူး။ ကျန်တဲ့ အချက်သုံးချက်ကတော့ ငွေးရေးကြေးရေးနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ကတော့ ညှိပြီး ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ပါတယ်။

Source: kumudra

News Read 2072 times