ဆရာစားမချန်ဘဲ သင်ပေးဖို့ ဆရာ၊ ဆရာမများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဆရာစားမချန်ဘဲ သင်ပေးဖို့ ဆရာ၊ ဆရာမများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဆရာ၊ ဆရာမတွေအနေနဲ့ ပညာပြည့်ဝ၊ နှလုံးလှဖို့ လိုအပ်ပြီး ကိုယ့်ရဲ့တပည့်တွေကို ကိုယ့်ထက်သာ အောင် ပညာအမွေ လက်ဆင့်ကမ်းပေးစေချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူရဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြေပြန့်၊ တောင်ပေါ် မခွဲခြားဘဲ ပညာသင်ယူမှု အခွင့်အလမ်းတွေ တန်းတူရအောင် ဖန်တီးပေးဖို့နဲ့ လူငယ်ဆရာ၊ ဆရာမတွေအနေနဲ့လည်း သွားလာရခက်ခဲတဲ့ ဝေလံခေါင်ဖျားဒေသတွေမှာ သွားရောက် တာဝန် ထမ်းဆောင်ပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ဒါ့အပြင် ပညာရေးဝန်ထမ်းတွေကို စီမံခန့်ခွဲတဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အဂတိတရားကင်းရှင်းပြီး လူမှန်၊ေ နရာမှန် တာဝန်ပေးဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေ အနေနဲ့ ကလေးတွေကို အမှိုက်မပစ်ဖို့နဲ့ အချိန်ကို လေးစားဖို့ လေ့ကျင့်ပျိုးထောင်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: mizzima

 

News Read 2651 times