တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရာတွင် လက်ရှိသင်ကြားနေသည့် ဘာသာရပ်နှင့်ကိုက်ညီသော ဆရာ၊ ဆရာမများသာ တာဝန်ပေးရန်ညွှန်ကြား

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရာတွင် လက်ရှိသင်ကြားနေသည့် ဘာသာရပ်နှင့်ကိုက်ညီသော ဆရာ၊ ဆရာမများသာ တာဝန်ပေးရန်ညွှန်ကြား

ဆရာ၊ ဆရာမများအား တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ် ဆေးရေးတာဝန်ပေးရာတွင် ၎င်း တို့ လက်ရှိသင်ကြားနေသည့် ဘာသာရပ်နှင့် အဖြေလွှာစစ်ဆေးမည့် ဘာသာရပ် ကိုက်ညီမှုရှိမှသာ တာဝန်ပေးရန် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ညွှန်ကြားထားသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာ မေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပနေပြီး အဖြေလွှာများကို ဧပြီတွင် စတင်စစ် ဆေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ စစ်ဆေးရန် အထက် တန်းပြလုပ်သက်အနည်းဆုံး ၂ နှစ်ရှိသည့် ဆရာ၊ ဆရာမများကိုသာ ရွေးချယ်တာဝန်ပေးရမည့်အပြင် သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဘာသာရပ် ကိုက်ညီမှုရှိမှသာ အဖြေလွှာစစ်ဆေး ရေးတာဝန်ပေးရမည်ဖြစ်သည်။

‘‘ဘာသာရပ်နဲ့ ကိုက်ညီပြီး တော့ အထက်တန်းပြလုပ်သက် ၂ နှစ်အထက်ရှိတဲ့ ဆရာ၊ ဆရာမ တွေကိုသာ စာစစ်တာဝန်ပေးရမယ်လို့ ညွှန်ကြားထားတာ ရှိပါ တယ်။

READ - ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မသန်စွမ်းစာဖြေသူ ၁၆၀ ကျော် ဝင်ရောက်ဖြေဆို

အဲဒီအတိုင်းပဲ အထက် တန်းပြတွေကို စာစစ်တာဝန်ရွေး တာပါ။ အသက်ကြီးပြီး ကျန်းမာ ရေးမကောင်းတဲ့ ဆရာ၊ ဆရာမ တွေကတော့ ခြွင်းချက်ပေါ့’’ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေး မှူးရုံး ညွှန်ကြားရေး မှူးတစ်ဦးက ဆိုသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာ မေးပွဲအဖြေလွှာများကို စစ်ဆေး ရန် တက္ကသိုလ်ဆရာ၊ ဆရာမများ နှင့် အခြေခံပညာအထက်တန်းပြ ဆရာ၊ ဆရာမများအား မြို့နယ် ပညာရေးမှူးရုံးများက ရွေးချယ် ထားပြီး သင်္ကြန်ကာလမတိုင်မီ သတ်မှတ်ထားသည့် တက္ကသိုလ် များတွင် အဖြေလွှာသွားရောက် စစ်ဆေးရမည်ဖြစ်သည်။

‘‘ကိုယ်သင်နေကျ ဘာသာ မဟုတ်ဘဲ စစ်ရင် သူစစ်ထားတာ ကို Counter Check ထပ်လုပ်ရ သူတွေလည်း ပင်ပန်းတယ်။ သူ လည်း ကိုယ့်ကျွမ်းကျင်မှုမဟုတ် တော့ ပိုပြီး တာဝန်ကြီးတာပေါ့။

သင်နေကျ ဘာသာစစ်ရတာ တော့ အကုန်လုံးအတွက် အဆင် ပြေတယ်။ ဒါပေမဲ့ လာစစ်ရတဲ့ ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေး အဆင်ပြေအောင်လည်း တတ်နိုင်သမျှ ပြေလည်အောင် စီစဉ်ပေးဖို့လည်း ဝန်ကြီးဌာနမှာ  တာဝန်ရှိတယ်’’ဟု စာမေးပွဲအဖြေ လွှာစစ်ဆေးရေးအတွေ့အကြုံရှိ တက္ကသိုလ်ကထိကဆရာတစ်ဦး က ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို နှစ်စဉ် ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့် မကွေးတက္ကသိုလ်စာစစ်ဌာန ၁၀ ခုတွင် စစ်ဆေးသည်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခအဖြစ် စစ်ဆေးပေးသည့် ဆရာ၊ ဆရာမများကို ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲက စတင်ကာ မူလ ကျပ် ၇၀ မှ ကျပ် သုံးရာအထိ တိုးပေးထားသည်။

READ - Advanced ICT Engineering သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

source: 7day

News Read 3930 times