အခြေခံပညာကဏ္ဍမှ ဆရာ/ဆရာမများအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဝေးသင် သင်တန်းများတက်ရောက်မည်ဆိုပါက သတင်းပို့ရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အဆင့်မြင့် ပညာဦးစီးဌာန တက္ကသိုလ်အသီးသီးရှိ အဝေးသင်တန်းများသို့ တက်ရောက်ကြမည့် အခြေခံပညာဦးစီးဌာန လက်အောက်ရှိပညာရေး ဝန်ထမ်းများသည့် မိမိတို့တက်ရောက်မည့် အသုတ်အလိုက်မြို့နယ် ပညာရေးရုံးများတွင် သတင်းပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာခရိုင်ပညာရေးရုံး၊ မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့်လည်းသွားရောက်ကြမည့် ပညာရေးဝန်ထမ်းများကို အသုတ်လိုက်မှတ်တမ်းထားရှိပြီး အခြေခံပညာဦးစီးဌာနသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။
“ On Duty နဲ့သွားခွင့်ရမှာပါ။ အနီးကပ်သင်တန်းနဲ့ စာမေးပွဲဖြေမယ့်ရက်တွေအထိပဲ ခွင့်ရက်ရမှာပါ။ တက်ရမယ့်အသုတ်မှာပါတဲ့ သူတွေကအကြောင်းကြား ပေးဖို့တော့လိုမယ်" ဟုအခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
Online Education Services (2) အွန်လိုင်းပညာရေးဝန်ဆောင်မှု နှင့်ပတ်သက်ပြီးရှာရန်နှိပ်ပါ။
အခုလအတွင်း ပညာရေးကောလိပ်များတွင်အဝေးသင်တက်ရောက်ရေး ကိစ္စပါဝင်ရာ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်များအရ အဝေးသင်စာမေးပွဲဖြေဆိုမည့်ရက်များအတွက် ဝန်ထမ်းဆိုင်ရာဥပဒေအရ စုစုပေါင်း (၁၇) Onduty အဖြစ်ခွင့်ပြုရန် အတွက်အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အဝေးသင်အနီးကပ်သင်တန်းများကို တက်ရောက်မည့် ပညာရေးဝန်ထမ်းများပါဝင်ပါက ၄င်းတို့တက်ရောက်မည့်အဝေးသင်အနီးကပ်သင်တန်း (၁၀) ရက်တာနှင့်စာမေးပွဲဖြေဆိုမည့် ရက်များအတွက် တာဝန်ချိန်အဖြစ်သတ်မှတ်ပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနသို့ အခြေခံပညာဦးစီးဌာနအနေမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်ခွင့်ပြုချက် တောင်းခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Read More:>>>>သင်မူလတန်းအောင်မြင်ရုံဖြင့် အသက်မွေးသင်တန်းကျောင်း (၄) ခုရွေးချယ်တက်ရောက်နိုင်ပြီ
ပညာရေးဝန်ထမ်းများထဲမှ ဘွဲ့ရရှိခြင်း မရှိသေးသူများ ပါဝင်ပါက အဝေးသင် သင်တန်းများ တက်ရောက်ထားရန် လိုအပ်ပြီးဘွဲ့တစ်ခုခုရရှိထားမှသာ ဆရာဖြစ်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ပါတယ်။
Source: Democracy