ယခုနှစ်တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတွေကို Camp သွင်းသင်ကြားပေးမယ့် အစီအစဉ်အတွက် စတင်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
ထိုအစီအစဉ်ကို Brand’s ကြက်ပေါင်းရည်ကနေ ခေါ်ယူတာဖြစ်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ဇီဝ၊ ဘောဂ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
BRAND’S Suntory ရဲ့ Vice President, Hade of Business Development ဖြစ်သူ Mr. Massayoshi Sone က ‘ကျောင်းသား၊ ကျောင်းသူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်အောင် ရည်ရွယ်ပြီး ဒီကမ်ပိန်းကိုပြုလုပ်တာပါ’ လို့ပြောပါတယ်။
Hindi (2) ဟိနြင်္ူ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
စခန်းသွင်းသင်ကြားခြင်းအစီအစဉ်ဟာ ယခုနှစ်က (၆) ကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး လာရောက်လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူဦးရေ (၄၀၀၀) ကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။
Italian (2) အီတလီ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စက်တင်ဘာလ (၁) ရက်နေ့ကနေ နိုဝင်ဘာ (၁၅) ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး လျှောက်လွှာတွေကို အခြေခံပညာ အထက်တန်းကျောင်း (၁၀၀) ကို ဖြန့်ဝေပေးမယ်လို့သိရပါတယ်။
တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေက အဲသည်ကျောင်းတွေမှာ စာရင်းပေးသွင်းနိုင်သလို Citymart, Marketplace နဲ့ Orange Supermarket တွေမှာလည်း လျှောက်လွှာတွေရယူနိုင်မှာဖြစ်ပါတယ်။
Read More:>>>> သင်ဆယ်တန်းဖြေဆိုဖူးရုံဖြင့် လျှပ်စစ်သက်မွေးသင်တန်းကျောင်းတက်နိုင်
QR code နှင့်လည်း စာရင်းပေးသွင်းနိုင်ပြီး Brand’s Brain Study Camp ပွဲကို လာမည့် ဒီဇင်ဘာလထဲမှာ စတင်သင်ကြားပေးမယ်လို့သိရပါတယ်။
Source: ကုမုဒြာသတင်းဂျာနယ်