မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ထားသော ပန်တျာနှင့် ပန်းချီပန်းပု ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးများ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။
ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများအဖြစ ၁၉၅၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စ၍ ယနေ့ချိန်ထိ ၁၁ နှစ်တာ ကြာမြင့်သည်အထိ ထောက်ပံ့ကြေးမပေးနိုင် ခဲ့ကြောင်း ပြောကြားသည်။
“ရန်ကုန်နဲ့ မန္တလေးမြို့မှာ တည်ရှိပြီး အနယ်နယ်အရပ်ရပ်က တက်ရောက်သင်ကြားကြရတဲ့ ကျောင်သား၊ ကျောင်းသူများရဲ့ ဝါသနာဗီဇ ထက်သန်မှု ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလိုမှု စိတ်ဓာတ်များကို အလေးထား အသိအမှတ်ပြုပြီး ဝန်ကြီးဌာနအနေနဲ့ ရှေးယခင်ကလို အနုပညာအထက်တန်းကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ခဲ့ပါတယ်” ဟုပြောကြားသည်။
ထောက်ပံ့ကြေးများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ရက်နေ့မှ စ၍ တစ်ဦးလျှင် ကျပ်သုံးသောင်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
Source: thevoice