ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို တက္ကသိုလ် ၁၁ ခုမှ တိုက်ရိုက်ခေါ်ယူမည်

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို တက္ကသိုလ် ၁၁ ခုမှ တိုက်ရိုက်ခေါ်ယူမည်

ဒီနှစ်ကစပြီးတော့ တက္ကသိုလ် ၁၁ ခုပေါ့။ သူ့တက္ကသိုလ်အလိုက် သူ့ဘာသာလျှောက်လွှာခေါ်မယ်။ အဲဒီတက္ကသိုလ်တက်ချင်ရင် အဲဒီမှာပဲ သွား တင်ပေါ့။ တချို့က ၁၀ တန်းအမှတ်ကို ကြည့်တယ်။ အင်တာဗျူးပဲရှိတယ်။ ရေးဖြေတော့မရှိပါဘူး။

ဝင်ခွင့်ဖြေပြီး တက္ကသိုလ်တွေကို လျှောက်ရမယ့်စနစ် ကတော့ မကျင့်သုံးသေးပါဘူး။ အခုတက္ကသိုလ်တွေကတော့ သူ့ဘာသာလျှောက်လွှာခေါ်မှာပါ

ယင်းကဲ့သို့ ၀င်ခွင့်တိုက်ရိုက်ခေါ်ယူမည့် တက္ကသိုလ်များမှာ

. ရန်ကုန်တက္ကသိုလ်၊

. မန္တလေးတက္ကသိုလ်၊

. ရန်ကုန်နည်းပညာတက္ကသိုလ်၊

. မန္တလေးနည်းပညာတက္ကသိုလ်၊

. နည်းပညာတက္ကသိုလ် (မန္တလေး)

. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊

. မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၊

. ရန်ကုန်စီးပွားရေးတက္ကသိုလ်၊

. ရန်ကုန်ပညာရေးတက္ကသိုလ်၊

၁၀. ရန်ကုန်သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊

၁၁. မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၀င်ခွင့်တိုက်ရိုက်ခေါ်ဆိုမှုကို ၂၀၁၈ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့် ကျောင်းသား၊ ကျောင်းသူများမှ စတင်ကာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 10471 times