ဥရောပသမဂ္ဂမှပြုလုပ်ပြီး ဗြိတိသျှကောင်စီမှစီစဉ်သည့် Study in Europe Myanmar ပညာရေးပြပွဲ ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ဒီဇင်ဘာလ ၁၃ရက်၊ ကြာသပတေးနေ့ နံနက်၉နာရီမှ ညနေ၅နာရီအထိ ကျင်းပမည်ဖြစ်သည်။
ပြပွဲသို့ စိတ်ပါဝင်စားသူ ကျောင်းသား၊ မိဘ မည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများ pre-registration form ကို http://bit.ly/eu-edu-fair တွင်ဖြည့်ထားပြီးလာပါက memory stick တစ်ခု လက်ဆောင် ရရှိမည်ဖြစ်ပါသည်။
ဤပြပွဲသည် ယူကေအပါအဝင် ဥရောပတွင် သွားရောက်ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအား ဥရောပတက္ကသိုလ်များနှင့် နှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ပြီး နိုင်ငံပေါင်း ၁၃နိုင်ငံရှိ တက္ကသိုလ်နှင့် ပညာရေး အဖွဲ့အစည်းများ ၂၇ခု တို့မှ ကိုယ်စားလှယ်များ မှ တက္ကသိုလ်ပညာရေးစနစ်၊ exchange programmes များ၊ ဘွဲ့လွန်ပရိုဂရမ်များ (Master, Doctorate, Research) ပညာသင်ဆုများ အကြောင်းကို လာရောက်ရှင်းပြ ဆွေးနွေး သွားမည် ဖြစ်ပါသည်။
ထို့အတူဗြိတိသျှကောင်စီမှလည်း IELTS စာမေးပွဲ အကြောင်း၊ IELTS ပညာသင်ဆုများအကြောင်းကို ရှင်းလင်းပြောကြား ပေးသွားမည်ဖြစ်ပါသည်။
ဥရောပနိုင်ငံများသို့သွားရောက်သင်ယူလိုသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ IGCSE နှင့် GCE ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းစာမေးပွဲ ဖြေဆို အောင်မြင်ထားသာ /ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့် စိတ်ပါဝင်စားသူမည်သူမဆို http://bit.ly/eu-edu-fair တွင်စာရင်းပေးထားပြီး အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ပါသည်။