တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ အောက်တိုဘာလအတွင်းထုတ်ပြန်ပေးရန် လျာထားခြင်း

တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ အောက်တိုဘာလအတွင်းထုတ်ပြန်ပေးရန် လျာထားခြင်း

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက်ရောက်ခွင့်ရရှိသည့် တက္ကသိုလ်စာရင်းများကို အောက်တိုဘာလအတွင်း ကြေညာရန် လျာထားကြောင်းအဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တိုက်ရိုက်လျှောက်ထားရသည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရ စာရင်းများကို အဆိုပါတက္ကသိုလ်များတွင် အသီးသီးကြေညာမည်ဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနက အောက်တိုဘာအတွင်း ကြေညာပေးရန်စီစဉ်ခြင်းဖြစ်ပါသည်။


ရန်ကုန်တက္ကသိုလ်မှလွှဲ၍ အခြားတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်ကို ကျောင်းသားက ရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်အရေအတွက်ပြည့်မီသည်အထိ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။


ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသည့်စာရင်းကို သက်ဆိုင်ရာ ကျောင်းများတွင် ကြေညာကာ ကျောင်းသား/သူများကို စာတိုက်မှတစ်ဆင့်ပြန်လည် အကြောင်းကြားပေးမည့်အပြင် ပညာရေးဝန်ကြီးဌာန (www.moe.gov.mm) မှတစ်ဆင့် ချက်ချင်းကြေညာရန်လည်း အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေပါသည်။


တက္ကသိုလ်ဝင်ခွင့်လျှောက်ထားစဉ် ဦးစားပေးတက္ကသိုလ်ဘာသာရပ်များ ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ကျောင်းသား/သူများ၏ ဝင်ခွင့်များကို အချိန်မီ ပြန်လည်လျှောက်ထားရန် အကြောင်းကြားမည်ဖြစ်ပါသည်။

 

Read More>>>> ဆယ်တန်းဖြေဆိုသူတိုင်းကို အောင်အောင်ကျကျ ဆယ်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးမည်


လာမည့်ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး၏ ပထမနှစ်သင်တန်းများတွင် တက်ရောက်ခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက်ခံသည့်ကာလအတွင်း ကျောင်းအပ်ရန်လိုအပ်ကြောင်း ၂၀၁၉ လမ်းညွှန်တွင်လည်းဖော်ပြထားပါသည်။


**သတ်မှတ်ရက်ကျော်လွန်သည်အထိ မလျှောက်ထားရသေးပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကန်ရုံးခွဲ) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့နယ်သို့ ပေးပို့ လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ကြေညာထားပါသည်။**

 

Source: 7Day News

 

News Read 2599 times