ဆယ်တန်းစာမေးပွဲဖြေဆိုရန် အခက်အခဲရှိသူများအတွက် ပညာဒါနအခမဲ့ သင်တန်း
ဆယ်တန်းစာမေးပွဲဖြေဆိုရန် အခက်အခဲရှိသူများအတွက် ပညာဒါနအခမဲ့ သင်တန်း
**Unicode**
စစ်ကိုင်းမြို့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် အခက်အခဲရှိသည့် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အခမဲ့ပညာဒါနသင်တန်း(အခမဲ့ကျောင်း)ကို စစ်ကိုင်မြို့မိမြို့ဖ အဖွဲ့မှ ဒုတိယအကြိမ် ဦးဆောင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါပညာဒါနသင်တန်းကျောင်းကို စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့မှဦးဆောင်၍ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပညာဒါန သင်တန်းကျောင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် အောက်တိုဘာ (၁) ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်သင်ကြားမည့်သူများ ဝင်ခွင့်လျှောက်လွှာတင်သွင်းကြရန် မြို့မိမြို့ဖအဖွဲ့က ကြေညာထားပါတယ်။
စစ်ကိုင်းမြို့က ပညာရေးဝန်ထမ်းဟောင်း ဆရာ/ဆရာမကြီးမာျး အကူအညီရယူပြီး အခမဲ့ သင်ကြားပို့ချပေးတာပါ။ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးပြီး ကျောင်းဆက်မတက်တော့ဘဲ ပြင်ပအလုပ်လုပ်နေရတဲ့ လူငယ်တွေ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်အောင်၊ နှစ်အတော်ကြာကျောင်းနဲ့ အဆက်ပြတ်နေတဲ့သူတွေ၊ စာမေးပွဲပြန်ဖြေချင်တဲ့ ဝန်ထမ်းငယ်တွေ၊ ပညာဆက်လက်သင်ကြားပေးဖို့ အချိန်မပေးနိုင်တော့တဲ့သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါတယ် လို့ စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူးဦးဇော်ဝင်းက ပြောကြားပါတယ်။
စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် ပညာဒါနကျောင်းကို ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် ပထမအကြိမ် ဖွင့်လှစ်ရာ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ခဲ့ရာ ၂၀၁၉ စာမေးပွဲတွင် အောင်မြင်သူ (၆) ဦးရှိကြောင်းသိရပါတယ်။
Source: Democracy
**Zawgyi**
အဆိုပါပညာဒါနသင်တန်းကျောင်းကို စစ်ကိုင်းမြို့မိမြို့ဖ အဖွဲ့မှဦးဆောင်၍ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ပညာဒါန သင်တန်းကျောင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် အောက်တိုဘာ () ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်သင်ကြားမည့်သူများ ဝင်ခွင့်လျှောက်လွှာတင်သွင်းကြရန် မြို့မိမြို့ဖအဖွဲ့က ကြေညာထားပါတယ်။
Computer Training (232) Computer Training နှင့်ပတ်သက်ပြီး သင်တန်း (232) ခုရှာရန်နှိပ်ပါ။
Read More:>>>> **ဆယ်တန်းကျောင်းသား/သူများ စာကျက်ကိုချိန်သီးသန့်ထုတ်ထားသင့်**
စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် ပညာဒါနကျောင်းကို ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် ပထမအကြိမ် ဖွင့်လှစ်ရာ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ခဲ့ရာ ၂၀၁၉ စာမေးပွဲတွင် အောင်မြင်သူ () ဦးရှိကြောင်းသိရပါတယ်။
Source: Democracy
News Read 1388 times