မြန်မာ့ပညာရေးလမ်းညွှန်(EDGE) မှကြီးမှူးကျင်းပမည့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် လုပ်ငန်းခွင်နယ်ပယ်၌ အလုပ်အကိုင်ခေါ်ယူမှုအများဆုံးနှင့် လူငယ်များ၏စိတ်ဝင်စားမှုခံရဆုံး နောက်ထပ်ကဏ္ဍတစ်ခုဖြစ်သည့် “Marketing Industry”နှင့်ပတ်သက်ပြီး ပြောဆိုဆွေးနွေးပေးသွားမည့်သူများမှာ ဆရာဦးမြင့်ဇော်နှင့် ဆရာမဒေါ်လင်းလင်းတင်ထွန်းဖြစ်ပါသည်။
ဦးမြင့်ဇော်သည် လုပ်ငန်းနယ်ပယ်ပေါင်းများစွာတွင်လုပ်ကိုင်ဖူးပြီး အတွေ့အကြုံကောင်းများစွာကိုရရှိထားခဲ့သူဖြစ်ပါသည်။ စိုက်ပျိုးရေး၊ ကြော်ငြာ၊ အနာဂတ်စားသောက်ကုန်ဈေးကွက်၊ ဖျော်ရည်နှင့်ယမကာတို့အပြင် သတင်းအချက်လက်နှင့် ဆက်သွယ်ရေးနယ်ပယ်တို့၌သာမက ပညာရေးနယ်ပယ်တွင်လည်း စုစုပေါင်း ၂၃ နှစ်တာ လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ လက်ရှိတွင် ဧရာဝတီဘဏ်၏ MD အဖြစ် တာဝန်ယူလုပ်ကိုင်နေပါသည်။
ဒေါ်လင်းလင်းတင်ထွန်းသည် ဈေးကွက်ရှာဖွေခြင်းနှင့် ကြော်ငြာလုပ်ငန်းနယ်ပယ်တွင် များစွာအတွေ့အကြုံရှိခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်နေသည့် Mango Marketing Service ၏ MD အဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်ပါသည်။ ဒေါ်လင်းလင်းတင်ထွန်းသည် Marketing Management နှင့် Marketing Planning တို့အပြင် Marketing and Sales Management အရည်အချင်းများနှင့် အတွေ့အကြုံကောင်းများလည်းရှိသူတစ်ဦးဖြစ်ပါသည်။
ဈေးကွက်ရှာဖွေခြင်းနဲ့ ကြော်ငြာလုပ်ဆောင်ခြင်းများသည် ယနေ့ခေတ်လူငယ်တွေကြားတွင် ရေပန်းစားနေပါသည်။ Marketing Industry သည်လည်း လွန်စွာကျယ်ပြန့်လှပြီး အဓိကအားဖြင့် Digital Marketing သည်ရေပန်းစားလျက်ရှိပါသည်။ Marketing Industry သည် လူငယ်များအတွက် အခွင့်အလမ်းတွေများစွာရှိနေသည့်အတွက် Marketing Industry နှင့်ပတ်သက်ပြီး အကြံဥာဏ်နှင့်လမ်းညွှန်မှုများရစေမည့် ❝Confidence to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့တွင် ကျင်းပပေးသွားတော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Marketing Industry နှင့်ပတ်သက်သည့်သိလိုသမျှကို Comment တွင် မေးထားနိုင်ပြီး ထိုမေးခွန်းများ၏အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သကဲ့သို့ EDGE ပရိသတ်များအတွက် ဗီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ Marketing ပိုင်းကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့နိုင်ပါပြီရှင်။
===========================
Read More>>>>>❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝HR Industry❞ အတွက်ဟောပြောမည့်သူများ
Read More>>>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝IT Industry❞ အတွက်ဟောပြောမည့်သူများ
နေ့ရက်။ ။ သြဂုတ်လ (၁၀)ရက်၊ ၂၀၁၉။ (စနေနေ့)
အချိန်။ ။ နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အထိ။
နေရာ။ ။UMFCCI’s Main Hall (Level-2)၊ အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အောက်ပါလင့်ခ်လေးကိုဝင်၍Going နှိပ်ထားပြီးပွဲအစီအစဉ်အသေးစိတ်များကိုသိရှိနိုင်ပါပြီ။
https://www.facebook.com/events/481473212629067/
**ဟောပြောပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများ**