မြန်မာ့ပညာရေးလမ်းညွှန်(EDGE) မှကြီးမှူးကျင်းပမည့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် မျက်မှောက်ခေတ်ကာလ၌ အထူးရေပန်းစားနေသော IT နယ်ပယ်နှင့်ပတ်သက်ပြီး ပြောဆိုဆွေးနွေးပေးသွားမည့်သူများမှာ ဆရာဦးဇော်မင်းဦးနှင့် ဒေါက်တာဦးထွန်းသူရသက်ဖြစ်သည်။
ဦးဇော်မင်းဦးသည် Myanmar Technology Gateway ၏တည်ထောင်သူဖြစ်သည့်အပြင် Barons Telelink ၏ Director လည်းဖြစ်သည်။ ထို့အပြင် Mytel ၏ Chief External Relations Officer အဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် University of Computer Studies, Yangon (UCSY) ကပေးအပ်ချီးမြှင့်သော B.Sc နှင့် M.Sc Degree များကိုရရှိထားခဲ့သူဖြစ်သည်။ သူသည် UCSY တွင်နှစ်ပေါင်းများစွာ စာသင်ကြားပေးခဲ့သူလည်းဖြစ်သည်။ လက်ရှိတွင်မူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် Myanmar Computer Federation (MCF) တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
ဒေါက်တာထွန်းသူရသက်သည် Myanmar Information Technology Pte Ltd ၏တည်ထောင်သူဖြစ်သလို CEO လည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာထွန်းသူရသက်သည် MICT park ရှိ Myanmar ICT Development Corporation ၏ပူးတွဲတည်ထောင်သူနှင့် ညွှန်ကြားရေးမှုးလည်းဖြစ်သည်။ Myanmar Information Technology Pte Ltd သည် software development နှင့် system integration ကဏ္ဍတို့တွင် မြန်မာနိုင်ငံ၏ရှေ့ပြေးအဖြစ် ဦးဆောင်နေသောကုမ္ပဏီဖြစ်သည်။
အိုင်တီနည်းပညာကိုစိတ်ဝင်စားသော်လည်း ဘယ်ကဘယ်လိုစတင်သင်ယူရမလဲမသိဖြစ်ပြီး လမ်းပျောက်နေသူများနှင့် ရောက်ရှိသော အိုင်တီနယ်ပယ်ထဲတွင် ပိုမိုကောင်းမွန်သည့်ရာထူးအခွင့်အလမ်းများရရှိရန် မည်သို့လုပ်သင့်သည်ကို သိချင်နေသူများအတွက် အကြံဥာဏ်နှင့်လမ်းညွှန်မှုများရစေမည့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့တွင် ကျင်းပပေးသွားတော့မည်ဖြစ်ပါသည်။
Read More>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝HR Industry❞ အတွက်ဟောပြောမည့်သူများ
သို့ဖြစ်ပါ၍ IT Industry နှင့်ပတ်သက်သည့်သိလိုသမျှကို Comment တွင် မေးထားနိုင်ပြီး ထိုမေးခွန်းများ၏အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သကဲ့သို့ EDGE ပရိသတ်များအတွက် ဗီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ IT ပိုင်းကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့နိုင်ပါပြီရှင်။
===========================
နေ့ရက်။ ။ သြဂုတ်လ (၁၀)ရက်၊ ၂၀၁၉။ (စနေနေ့)
အချိန်။ ။ နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အထိ။
နေရာ။ ။ UMFCCI’s Main Hall (Level-2)၊ အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အောက်ပါလင့်ခ်လေးကိုဝင်၍ Going နှိပ်ထားပြီး ပွဲအစီအစဉ်အသေးစိတ်များကိုသိရှိနိုင်ပါပြီ။
https://www.facebook.com/events/481473212629067/
(www.edge.com.mm)