❝Confidence in Education to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝HR Industry❞ အတွက်ဟောပြောမည့်သူများ

❝Confidence in Education  to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝HR Industry❞ အတွက်ဟောပြောမည့်သူများ

ခုခေတ်အချိန်အခါမှာ အလုပ်အကိုင်ရာထူးကောင်းကောင်းအကြောင်းပြောကြတဲ့အခါ HR(Human Resource) ဆိုတဲ့ရာထူးအခွင့်အလမ်းအကြောင်းက မပါမဖြစ်ပါပဲ။

 

HR Industry ဟာဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့အလုပ်အကိုင်တစ်ခုဖြစ်သလို လစာလည်းကောင်းတာကြောင့် အောင်မြင်ထူးချွန်တဲ့ HR တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုချင်သူတွေအတွက် အကြံဥာဏ်နဲ့လမ်းညွှန်မှုများရစေမယ့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့မှာ UMFCCI တွင်ကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။

 

မြန်မာ့ပညာရေးလမ်းညွှန်(EDGE) ကကြီးမှူးကျင်းပမယ့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ မှာ HR Industry အတွက် ဆရာဦးမင်းတလဥာဏနဲ့ ဆရာမဒေါ်ရွှေရည်ဝင်းလဲ့တို့မှ ဟောပြောပေးသွားမှာပါ။

 

ဦးမင်းတလဥာဏ်ဟာဆိုရင် Ball Corporation ရဲ့ Subsidiary ဖြစ်တဲ့ Ball Asia Pacific (Yangon) Metal Container Limited မှာ Country Manager တစ်ယောက်ဖြစ်ပါတယ်။ Ball Corporation Myanmar ကို ၂၀၁၄ အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာကော်ပိုရေးရှင်းများ၊ နိုင်ငံရပ်ခြားဒေသများနဲ့ ပြည်တွင်းကုမ္ပဏီများမှာ စီနီယာရာထူးနဲ့ (၂၄)နှစ်ကြာလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သင်္ချာမေဂျာဖြင့် B.Sc. ဘွဲ့ရဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Development Studies ဖြင့် Master ဘွဲ့ရရှိထားသူဖြစ်ပါတယ်။

 

ဒေါ်ရွှေရည်ဝင်းလဲ့သည် HR ပိုင်းနှင့်ပတ်သက်ပြီး ခိုင်မာပြည့်ဝသည့်အတွေ့အကြုံများပိုင်ဆိုင်ထားသူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သကဲ့သို့ ကုမ္ပဏီအဖွဲ့အစည်းတိုးတက်မှုအတွက်လည်း အဖက်ဖက်မှ အထူးပင်စိတ်အားထက်သန်သည့်သူတစ်ယောက်ဖြစ်ပါသည်။ လက်ရှိတွင် PTTEP စီးပွားရေးကော်ပိုရေးရှင်းကြီး၏အခြေစိုက်ရာ ထိုင်းနိုင်ငံရှိရုံးချုပ်တွင် Head of Human Resources အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ ဒီမတိုင်ခင် (၂၅) နှစ်တာကာလတစ်လျှောက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး အတွေ့အကြုံကောင်းများစွာကို ရရှိထားခဲ့သူဖြစ်ပါသည်။

 

HR Industry နဲ့ပတ်သက်တဲ့သိလိုသမျှကို Comment မှာမေးထားနိုင်ပြီး ထိုမေးခွန်းများရဲ့အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သလို EDGE ပရိသတ်များအတွက် ယခုပေ့ခ်ျမှဗ်ီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ HR ပိုင်းကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့လိုက်တော့နော်။
===================

 

Read More>>>>❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝Manufacturing Industry❞ အတွက်ဟောပြောမည့်သူများ

 

အောက်ကလင့်ခ်လေးကိုဝင်ပြီး Going နှိပ်ထားမယ်ဆိုရင် ပွဲအစီအစဉ်အသေးစိတ်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။
EDGE Event: https://www.facebook.com/events/481473212629067/
EDGE Website: https://www.edge.com.mm/

 

Registration လုပ်ချင်တယ်ဆိုရင်တော့…https://www.edge.com.mm/edgeevent/registration.php မှာသွားရောက်ပြီး Registration လုပ်နိုင်မှာဖြစ်ပါတယ်။

 

 

Education Read 1121 times