Smart Card ထုတ်ပေးမည့်အတွက် ကျောင်းသား/သူများ၏ Data အချက်အလက်များရရှိပြီးဖြစ်

Smart Card ထုတ်ပေးမည့်အတွက် ကျောင်းသား/သူများ၏ Data အချက်အလက်များရရှိပြီးဖြစ်

Smart Card များထုတ်ပေးနိုင်ရန် အခြေခံပညာကျောင်း (၁၂) ကျောင်းရှိ ကျောင်းသား/သူများ၏ Data အချက်အလက်များကို ကောက်ခံလျက် ရှိရာပြီးစီပြီဖြစ်၍ သြဂုတ်နောက်ဆုံးပတ်တွင် ကျောင်းသား/သူ များထံထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် ၏ပြောဆိုချက်အရာသိရပါသည်။


“ ကျောင်းသား/သူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကတ်ထဲသွင်းနေတာ ပြီးစီးသွားပြီဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်နောက်ဆုံးပတ်မှာ ကတ်တွေထုတ်ပေးနိုင်အောင် ဆောင်ရွက်မှာပါ" ဦးအောင်ညီညီမော်က ပြောပါသည်။


Smart Card တွင် ကျောင်းသား၏ ကိုယ်ရေးအချက်အလက်များ၊ ကျောင်းအမည်များကို ထည့်သွင်းထားသောကြောင့် Schools Bus ပေါ်သို့ အတက်အဆင်းပြုလုပ်သည့် အချိန်ကို အတိအကျသိရှိနိုင်မည်ဖြစ်၍ လုံခြုံရေးအတွက် ထိရောက်နိုင်မည်ဖြစ်ပါသည်။


ထို့ပြင် ကျောင်းသား/သူများ အတက်အဆင်းပြုလုပ်နေသည်ကို ကျောင်းသားမိဘများမှ Mobile Application ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၊ လုံခြုံရေးအရ CCTV အပါအဝင် အတက်အဆင်းပြုလုပ်နိုင်သည့် စက်ကိရိယာများကို ကျောင်းကားအားလုံးတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်းသိရပါသည်။

 

Read More:>>>> ရန်ကုန်အဝေးသင်တက္ကသိုလ် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း


လက်ရှိတွင် ရန်ကင်း TTC၊ ကမာရွတ် TTC၊ သင်္ဃန်းကျွန်း TTC၊ အထက (၂) မရမ်းကုန်း၊ အထက (၁) လသာ၊ အထက (၂) လသာ၊ အထက (၂) စမ်းချောင်း၊ အမက (၆) မြောက်ဥက္ကလာပ၊ အလက (၈) မြောက်ဥက္ကလာပ၊ အထက (၁) မြောက်ဥက္ကလာပ၊ အမက (၄၆) ရွှေပေါက်ကံ၊နှင့် အထက (၆) ရွှေပေါက်ကံတို့ရှိ ကျောင်းသားဦးရေ (၁၉၃၀) ဦးကို ကျောင်းကား (၁၀၇) စီးအထိ တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်းသိရပါသည်။


Source: မြဝတီ

 

Education Read 4745 times