ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် အချိန်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် Smart Card နှင့် Online Catalogue သုံးစွဲမှုများ စတင်ပြုလုပ်

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် အချိန်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် Smart Card နှင့် Online Catalogue သုံးစွဲမှုများ စတင်ပြုလုပ်

အွန်လိုင်းမှာရှာဖွေနိုင်တဲ့ smart card နဲ့ online catalogue သုံးစွဲမှုများ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

ညနေဘက် ကျောင်းဆင်း၊ ရုံးဆင်းချိန်လာချင်သူများ၊ မြို့တွင်းနဲ့ ဝေးတဲ့နေရာများမှာ လာမယ့်သူများ၊ ကြားရက်များမှာ လာရန် မအားလပ်သူများနဲ့ ညနေဘက်တွေမှာ အေးအေးဆေးဆေး စာဖတ်ချင်သူများအတွက်

အဆင်ပြေစေရန် ရည်ရွယ်ကာ ဧပြီလ ၁၈ ရက်မှစတင်ပြီး တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၈ နာရီခွဲမှ ည ၇ နာရီခွဲအထိ အချိန်တိုးပြီးလည်း ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စာကြည့်တိုက်မှာ self check-in, check-out စနစ်အသစ်ကို တပ်ဆင်ထားတာကြောင့် smart card ကို အသုံးပြုပြီး စာအုပ်များ ငှားရမ်းခြင်း၊ ပြန်လည်အပ်နှံခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ကိုယ်တိုင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စာကြည့်တိုက်မှာ မိမိငှားလိုတဲ့စာအုပ် ရှိ၊ မရှိ သိနိုင်ရန် အွန်လိုင်း catalogue ကို ဒီနေရာမှာ တစ်ဆင့် ဝင်ရောက် ကြည့်နိုင်ပါတယ်။ စာကြည့်တိုက် အသင်းဝင်ကြေးများကို ဧပြီလ ၁၈ ရက်မှစပြီး တစ်ဦးချင်း အသင်းဝင်ခြင်းကို ၃၀,၀၀၀ ကျပ်၊

Teaching Center ကျောင်းသား၊ ကျောင်းသူများ အသင်းဝင်ခြင်းကို (အခမဲ့)၊ မိသားစုအသင်းဝင်ခြင်းကို ၅၀,၀၀၀ ကျပ်၊ ကုမ္ပဏီလုပ်ငန်း အသင်းဝင်ကြေးကို ၁၅၀,၀၀၀ ကျပ်နဲ့ ယာယီအသင်းဝင်ကြေးကို ၁၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့

သိရပါတယ်။

Self check-in, check-out စနစ်နဲ့ပတ်သက်ပြီး အခက်အခဲရှိပါက စာကြည့်တိုက်ဝန်ထမ်းများမှ တစ်ဆင့် အကူအညီ ရယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဝန်ဆောင်မှုများကို အသေးစိတ် သိရှိလိုပါက

ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Source;Internet Journal

News Read 1873 times