ဘော်ဒါတို့ရေ …..
စက်ချုပ်ပညာကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းတစ်ခု အနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်ပါသလား။
အောင်မြင်မှု အခမဲ့ အထည်ချုပ်သင်တန်းကြီးက ဘော်ဒါတို့ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။
ဒီသင်တန်းကြီးက ဘာတွေသင်ကြားပေးမလဲ၊ ဘယ်နေ့တွေမှာ စဖွင့်မလဲ ဆိုတော့
- စက်ချုပ်ကျွမ်းကျင်သင်တန်း (မတ်လ ၁၅ ရက်)
- စက်ပြင်ကျွမ်းကျင် သင်တန်း (မတ်လ ၁၅ ရက်) တို့ပဲဖြစ်ပါတယ်။
* သင်တန်းကြေး လုံးဝ (လုံးဝ) Free
* နေ့လည်စာ ကျွေးပါတယ်
* ထောက်ပံ့ကြေး တစ်ရက်ကို ၁၈၀၀
* သင်တန်းကာလ ၂ လ
* သင်တန်းကာလပြီးဆုံးသွားရင်လည်း အထည်ချုပ်စက်ရုံတွေမှာ အလုပ်ရဖို့ကိုလည်း သင်တန်းကျောင်းက ကူညီပေးဦးမှာဆိုတော့ အခုပဲ သင်တန်းကျောင်းကို ဆက်သွယ်လိုက်ရအောင်နော်။
သင်တန်းဝင်ခွင့် ဖြေဆိုရန် - တနလာင်္ မှ သောကြာ မနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအတွင်း မှတ်ပုံတင် မူရင်း ယူဆောင်ကာ လာရောက် ဖြေဆိုနိုင်ပါသည်။
အောင်မြင်မှုအခမဲ့ အထည်ချုပ်သင်တန်းကျောင်းက ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် (၄၃)ရပ်ကွက် မင်းရဲကျော်စွာလမ်း ပင်လုံခန်းမမှာ ရှိပါတယ်။
အသေးစိတ် အချက်အလက်များအတွက် သင်တန်းကျောင်းဖုန်းနံပါတ် ၀၉၄၂၅၈၄၇၈၂၁ ကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်နော်☎️☎️☎️
လူဦးရေကန့်သတ်ထားလို့ မြန်မြန်စာရင်းသွင်းမှ စိတ်ချရမယ်နော်။