SEAMEO Regional Centre for History and Tradition မှ ဖွင့်လှစ်သော CHAT Communication in English Language, Basic Level I (3/2018) သင်တန်းအတွက် ဝင်ခွင့်ဖြေဆိုခွင့် ရရှိထားသူများအား လာမည့် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ (၁၂) ရက် တနင်္ဂနွေနေ့တွင် ၊ ရန်ကုန်မြို့ ပြည်လမ်းရှိ SEAMEO CHAT အဆောက်အဦး၌ "ဝင်ခွင့်စာမေးပွဲ" စစ်ဆေးသွားပါမည်။
Basic Level I (2/2018) အတွက် ဝင်ခွင့်ဖြေဆိုခွင့် ရရှိထားသူများသည် အဆိုပါနေ့တွင် နိုင်ငံသားစိစစ်ရေးကဒ် မူရင်း နှင့် မိတ္တူ အပါအဝင် "ဝင်ခွင့်စာမေးပွဲ" ဖြေဆိုရန်အတွက် (၁,၀၀၀) ကျပ် ယူဆောင်လာရပါမည်။
ပညာရေးဆိုင်ရာအထောက်အထားအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအထောက်အထား မူရင်း နှင့် မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ် မူရင်း နှင့် မိတ္တူ (သို့မဟုတ်) တက်ရောက်ဆဲတက္ကသိုလ်မှ ကျောင်းသားကဒ် မူရင်း နှင့် မိတ္တူ ၊ တစ်ခုခုကို ယူဆောင်လာရပါမည်။
"ဝင်ခွင့်စာမေးပွဲ" များကို အဆိုပါနေ့ "နံနက်ပိုင်း" (၉) နာရီမှ (၁၀) နာရီအတွင်း စစ်ဆေးသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းရန်အတွက် (၁) နာရီခန့် ကြိုတင်လာရောက်ရပါမည်။
ဝင်ခွင့်ဖြေဆိုရမည့် နေ့ရက် နှင့် အချိန်
၁၂-၈-၂၀၁၈ နံနက် (၉း၀၀) နာရီ ၊ (၁) နာရီခန့် ကြိုတင်လာရောက်ရပါမည်။ နံနက် (၈း၀၀) နာရီ အရောက်လာရပါမည်။ ဝင်ခွင့်စာမေးပွဲ စတင်ချိန် (၉း၀၀) နာရီထက် နောက်ကျပါက ဝင်ခွင့်ဖြေဆိုခွင့် ရရှိမည်မဟုတ်ပါ။
ဝင်ခွင့်ဖြေဆိုရမည့် နေရာ
SEAMEO Regional Centre for History and Tradition အဆောက်အဦး ၊ ပြည်လမ်း (ဆေး-၁ ဝင်း) လိပ်ခုံး။
ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်သူများသည် အထက်ပါဖော်ပြပါ နိုင်ငံသားစိစစ်ရေးကဒ်နှင့် ပညာရေးဆိုင်ရာအထောက်အထား မတင်ပြနိုင်ပါက ဝင်ရောက်ဖြေဆိုခွင့်ရရှိမည် မဟုတ်ပါ။
စီမံကြီးကြပ်အဖွဲ့
CHAT Communication in English Language
01-539707, 01-515180 Ext 106
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။