အခြေခံပညာပြီးဆုံးကြောင်းလတ်မှတ်ကို ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများသာရရှိမည်။ ပြင်ပဖြေများမပါဝင်ဟုဆို အခြေခံပညာပြီးဆုံးကြောင်းလတ်မှတ်ကို ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများသာရရှိမည်ဖြစ်ပြီး ပြင်ပဖြေများရရှိမည်မဟုတ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုအစီအစဉ်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သော အခြေခံပညာပြီးဆုံးကြောင်းလတ်မှတ်ကို ယခုပညာသင်နှစ်မှ စတင်ကာ ပေးအပ်မည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတိုင်းရရှိမည်မဟုတ်ဘဲ အခြေခံပညာကျောင်းများတွင် ယခုပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကိုသာပေးအပ်မည်ဖြစ်ပြီး ပြင်ပမှဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများရရှိမည်မဟုတ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
Sewing (322) အချူပ်အလုပ် သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (322) ခု ရှာရန်နှိပ်ပါ။
“ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပဲရမှာ။ ပြင်ပဖြေတွေတော့ပေးလို့မရဘူး။ ကျောင်းတွင်းလှုပ်ရှားမှု၊ ကျောင်းစည်းကမ်းလိုက်နာမှု အချက်တွေနဲ့သတ်မှတ်ထားတာဖြစ်လို့ ကျောင်းတက်တဲ့သူတွေပဲရမှာ” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ (၁) ရက်ကပြောကြားသည်။
Arabic (2) အာရဗီ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
အခြေခံပညာအထက်တန်းကျောင်းများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်းများ၊ တပ်မတော်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများသည် မိမိတို့ကျောင်းတွင် အရည်အသွေးအာမခံစိစစ်မှုကော်မတီများကို ဖွဲ့စည်းပြီးသတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူကိုသာ အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လတ်မှတ်ပေးအပ်မည်ဖြစ်သည်။
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ ကိုယ်ပိုင်ကျောင်း(စမ်းသပ်)များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အရည်အသွေးစိစစ်ရေးအဖွဲ့ကို ကျောင်းများတွင်ဖွဲ့စည်းပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ပင်မကျောင်းများသို့တင်ပြပြီး လတ်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
Read More:>>>>> ပညာရေးတက္ကသိုလ်နှစ်ခုကို အထက်တန်းပြဆရာ/ဆရာမများအား ဌာနကူးပြောင်းလျှောက်ထားခွင့်ပေး
နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူသုံးပုံတစ်ပုံသာ စာမေးပွဲအောင်မြင်ပြီး ကျန်ကျောင်းသားများသည် တက္ကသိုလ်ဆက်တက်ခွင့်မရဘဲ အခွင့်အလမ်းများဆုံးရှုံးနေခြင်းကြောင့် ယင်းကဲ့သို့ပေးအပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။
(၂၀၁၉) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျောင်းသား၊ ကျောင်းသူ (၈) သိန်ကျော်ဝင်ရောက်ဖြေဆိုပြီး နှစ်သိန်းလေးသောင်းကျော်သာအောင်မြင်ခဲ့သည်။
Source: Democracy