၁။ ပညာရေးဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Sea Lion ကုမ္ပဏီ၊ မိတ်ဖက် ဂျာမန်၊ သြစတြေီးယား ကုမ္ပဏီများ ပူးပေါင်း၍ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (SITE) တွင် အောက်ဖော်ပြပါ ဇယားပါ ကာလတို သင်တန်းများအား ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါကြောင်းနှင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင် ပါသည် -
ဖွင့်လှစ်မည်သင်တန်းများမှာ -
(က) Certificate in Industrial Technologies
သတ်မှတ်အရည်အချင်းများ
- တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များပါဝင်သည့် မည်သည့်ဘာသာတွဲဖြင့် မဆို အောင်မြင်သူများ
- G.T.H.S (EcT, ET, MT, AMT, RACT, IT, MPT) နှင့် ITC (Machine Tools Operator, Machinery Fitter, Tools & Die Maker, Mechanical Draftsman, Pattern Maker, Automobile Mechanic Electrician, Elelctronics Mechanic, CAD/CAM, CNC Operator, Welder, Foudry Man) သင်တန်းအောင်မြင်ပြီးသူများ
(ခ) Certificate in Woodworking
သတ်မှတ်အရည်အချင်းများ
- တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ် များ ပါဝင်သည့် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ
- G.T.H.S (BT) သင်တန်း အောင်မြင်ပြီးသူများ
(ဂ) Certified in Renewable Energy
သတ်မှတ်အရည်အချင်းများ
- A.G.T.I (EC, EP, MC) အောင်လက်မှတ် ရရှိထားသူများ
- Certificate in industrial Technologies သင်တန်း အောင်မြင်ပြီးသူများ
(ဃ) Advanced Certificate in industrial Automation
သတ်မှတ်အရည်အချင်းများ
- A.G.T.I (EC, EP, Mechanical, IT) အောင်လက်မှတ် ရရှိထားသူများ
- Certificate in industrial Technologies သင်တန်းအောင်မြင်ပြီးသူများ
(င) Advanced Certificate in CNC Production Technology
သတ်မှတ်အရည်အချင်းများ
- ITC (Machine Tools Operator, Tools & Die Maker, CAD/CAM, CNC Operator)၊ AGTI (Mechanical) အောင်လက်မှတ် ရရှိထားသူများ
- Certificate in industrical Technologies နှင့် Advanced Certificate in industrial Automation သင်တန်း အောင်မြင်ပြီးသူများ
(စ) Advanced Certificate in Water and Wastewater Management
သတ်မှတ်အရည်အချင်းများ
- A.G.T.I (Civil, EC, Mechanical) အောင်လက်မှတ် ရရှိထားသူများနှင့် Advanced Certificate in industrial Automation သင်တန်း အောင်မြင်ပြီးသူများ
(ဆ) Advanced Certificate in CNC Woodworking
သတ်မှတ်အရည်အချင်းများ
- ITC (Machine Tools Operator, Tool & Die Maker, CAD/CAM, CNC Operator)
- A.G.T.I (MC, Mechanical) အောင်လက်မှတ် ရရှိထားသူများ
- Certificate in Woodworking နှင့် Advanced Certificate in CNC Production Technology သင်တန်း အောင်မြင်ပြီးသူများ
၂။ သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျော ညီထွေဖြစ်ရမည့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
ပဏာမရွေးချယ်ခံရပြီးသူများ Interview ဖြေဆိုရမည်ဖြစ်သည်။ သင်တန်းကာလ (၄)လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ရရှိမည်ဖြစ် ပါသည်။
၃။ လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ ဓါတ်ပုံ(၃)ပုံ၊ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အမှတ် စာရင်းမိတ္တူ၊ ကျောင်းသား၏ မှတ်ပုံတင်မိတ္တူ၊ ကျန်းမာကြောင်း ဆေးထောက်ခံစာ မူရင်းနှင့် ရဲစခန်း ထောက်ခံစာ မူရင်းတို့အား ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသည့်အချိန်တွင် သက်ဆိုင်ရာ အောင်လက်မှတ် မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသား၏ မှတ်ပုံတင် မူရင်းတို့အား တစ်ပါတည်း တင်ပြနိုင်ရမည်။ မှတ်ပုံတင် မရှိပါက (၁)လအတွင်း ပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာနှင့်အတူ ပူးတွဲလျှောက်ထားနိုင်ပါသည်။
၎။ သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၁၉ ခုနှစ်၊ ဇွန်လ( ၁၀ ) ရက်
သင်တန်းဖွင့်လှစ်မည့်နေရာ - စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE) နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို့(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်စုံစမ်းရန်ဖုန်း - ၀၁-၅၄၄၉၄၉၊ ၀၁-၅၅၆၅၈၃
၅။ လျှောက်လွှာများကို (၂၀.၃.၂၀၁၉)ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက်(၉:၀၀) နာရီ မှ ညနေ(၄:၀၀)နာရီအတွင်း ရယူလျှောက်ထားနိုင်ပြီး (၁၀-၄-၂၀၁၉)ရက်နေ့ နောက်ဆုံးထား လျှောက်ထား နိုင်ပါသည်။