၂၀၂၀ ခုႏွစ္တကၠသုိလ္ဝင္စာေမးပြဲတြင္ အင္းစိန္ဗဟိုအက်ဥ္းေထာင္ႏွင့္မႏၱေလးအက်ဥ္းေထာင္တို႔မွ အက်ဥ္းသား၊ အက်ဥ္းသူ စုစုေပါင္း (၁၄၈) ဦးဝင္ေရာက္ေျဖဆိုမည္ျဖစ္ေၾကာင္းသိပါတယ္။
အက်ဥ္းေထာင္မ်ားသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ က်ေရာက္လာခဲ့ၾကသည့္သူမ်ားထဲမွ တကၠသုိလ္ဝင္စားေမးပြဲကို ေျဖဆိုကာ စာေမးပြဲေအာင္ျမင္ၿပီး လြတ္ရက္မေစ့ေသးခင္အခ်ိန္တြင္ အေဝးသင္တကၠသုိလ္မ်ားကို ဆက္လက္တက္ေရာက္ေနမႈမ်ားလည္းရွိေၾကာင္း လက္ရွိအခ်ိန္အထိ အင္းစိန္ဗဟိုအက်ဥ္းေထာင္တြင္ အေဝးသင္တကၠသုိလ္တက္ေရာက္ေနသည့္ ေက်ာင္းသား/သူ (၂၁) ဦးရွိၿပီး မႏၱေလးအက်ဥ္းေထာင္တြင္ (၁၅) ဦးရွိေၾကာင္းသိရပါတယ္။
၂၀၁၉ ခုႏွစ္တကၠသုိလ္ဝင္တြင္ အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ ေက်ာင္းသား/သူ (၇၁) ဦးဝင္ေရာက္ေျဖဆိုခဲၿပီး ေအာင္ျမင္သူ (၅၀)၊ က်ရံႈးသူ (၂၁)၊ (၃) ဘာသာဂုဏ္ထူးရွင္ (၄) ဦး၊ (၂) ဘာသာဂုဏ္ထူးရွင္ (၁၃) ဦး၊ (၁) ဘာသာဂုဏ္ထူးရွင္ (၁) ဦး ရွိေၾကာင္း၊ မႏၱေလးအက်ဥ္းေထာင္မွ (၇၁) ဦးဝင္ေရာက္ေျဖဆိုၿပီး ေျဖဆိုေအာင္ျမင္သူ (၄၂) ဦး၊ (၂) ဘာသာဂုဏ္ထူးရွင္ (၃) ဦး၊ (၁) ဘာသာဂုဏ္ထူးရွင္ (၁) ဦးရွိေၾကာင္း၊ က်န္အက်ဥ္းေထာင္ (၅) ခုမွဝင္ေရာက္ေျဖဆိုသူမ်ားသည္ (၁) ဦးမွ ေအာင္ျမင္ျခင္းမရွိခဲ့ေၾကာင္း အက်ဥ္းဦးစီးဌာနမွ သိရပါတယ္။
အက်ဥ္းေထာင္မ်ားမွ ေျဖဆိုသူမ်ား၏ ေအာင္ခ်က္ ရာခိုင္ႏႈန္းသည္ ျပင္ပတြင္ေျဖဆိုသူမ်ားေအာင္ခ်က္ရာခိုင္ႏႈန္းထက္ ပိုမိုေကာင္းမြန္ေၾကာင္းလဲသိရပါတယ္။
Hostels (514) ဟုိတယ္မ်ားႏွင့္ ပတ္သက္ျပီး (514) ခုရွာရန္ႏွိပ္ပါ။
ထို႔အျပင္ တကၠသုိလ္ဝင္တန္းစာေမးပြဲကို ၾကည့္ျမင္တိုင္ မ်က္မျမင္ေကာ်င္းမွ ေက်ာင္းသား/သူ (၇) ဦးလည္းဝင္ေရာက္ေျဖဆိုမည္ျဖစ္ေၾကာင္းသိရပါတယ္။
Employment Agencies (219) အလုပ္အကုိင္ေအဂ်င္ဆီမ်ားႏွင့္ ပတ္သက္ျပီး (219) ခုရွာရန္ႏွိပ္ပါ။
ႏွစ္စဥ္က်င္းပေနသည့္ တကၠသုိလ္ဝင္စာေမးပြဲကို မသန္စြမ္းေက်ာင္းသား/သူမ်ားကိုလည္း ဝင္ေရာက္ေျဖဆိုခြင့္ျပဳေလ့ရွိပါတယ္။
Read More:>>> အေဝးသင္မ်ား၏ အနီးကပ္သင္တန္းမ်ားကို ေအာက္တိုဘာ (၁၀) ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္
လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနလက္ေအာက္ရွိ ၾကည့္ျမင္တိုင္မ်က္မျမင္သင္တန္းေက်ာင္းမွ ေက်ာင္းသား/သူမ်ားကလည္း ေျဖဆိုရန္ေလ်ွာက္လႊာတင္ထားေၾကာင္းသိရပါတယ္။
၄င္းေက်ာင္းသား/သူမ်ားကိုေအာက္တိုဘာလမွ စတင္ကာ စခန္းသြင္းေလ့က်င့္မႈမ်ားကို ျပဳလုပ္ေပးေလ့ရွိၿပီး စအနီးကပ္သင္ခန္းစာပို႔ခ်ခ်ိ်န္မ်ားျဖင့္ ျပင္ဆင္ေပးလ်က္ရွိသကဲ့သို႔ လိုအပ္သည္မ်ားကိုလည္း ျဖည့္ဆည္းေပးေလ့ရွိေၾကာင္းသိရပါတယ္။
Credit: Democracy
**UniCode ျဖင့္ဖတ္ရန္**
၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်မန္တလေးအကျဉ်းထောင်တို့မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၁၄၈) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိပါတယ်။
အကျဉ်းထောင်များသို့ အကြောင်းအမျိုးမျိုးဖြင့် ကျရောက်လာခဲ့ကြသည့်သူများထဲမှ တက္ကသိုလ်ဝင်စားမေးပွဲကို ဖြေဆိုကာ စာမေးပွဲအောင်မြင်ပြီး လွတ်ရက်မစေ့သေးခင်အချိန်တွင် အဝေးသင်တက္ကသိုလ်များကို ဆက်လက်တက်ရောက်နေမှုများလည်းရှိကြောင်း လက်ရှိအချိန်အထိ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူ (၂၁) ဦးရှိပြီး မန္တလေးအကျဉ်းထောင်တွင် (၁၅) ဦးရှိကြောင်းသိရပါတယ်။
၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ကျောင်းသား/သူ (၇၁) ဦးဝင်ရောက်ဖြေဆိုခဲပြီး အောင်မြင်သူ (၅၀)၊ ကျရှုံးသူ (၂၁)၊ (၃) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁) ဦး ရှိကြောင်း၊ မန္တလေးအကျဉ်းထောင်မှ (၇၁) ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုအောင်မြင်သူ (၄၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁) ဦးရှိကြောင်း၊ ကျန်အကျဉ်းထောင် (၅) ခုမှဝင်ရောက်ဖြေဆိုသူများသည် (၁) ဦးမှ အောင်မြင်ခြင်းမရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရပါတယ်။
အကျဉ်းထောင်များမှ ဖြေဆိုသူများ၏ အောင်ချက် ရာခိုင်နှုန်းသည် ပြင်ပတွင်ဖြေဆိုသူများအောင်ချက်ရာခိုင်နှုန်းထက် ပိုမိုကောင်းမွန်ကြောင်းလဲသိရပါတယ်။
Hostels (514) ဟိုတယ်များနှင့် ပတ်သက်ပြီး (514) ခုရှာရန်နှိပ်ပါ။
ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြည့်မြင်တိုင် မျက်မမြင်ကောျင်းမှ ကျောင်းသား/သူ (၇) ဦးလည်းဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရပါတယ်။
Employment Agencies (219) အလုပ်အကိုင်အေဂျင်ဆီများနှင့် ပတ်သက်ပြီး (219) ခုရှာရန်နှိပ်ပါ။
နှစ်စဉ်ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲကို မသန်စွမ်းကျောင်းသား/သူများကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုလေ့ရှိပါတယ်။
Read More:>>> အဝေးသင်များ၏ အနီးကပ်သင်တန်းများကို အောက်တိုဘာ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းမှ ကျောင်းသား/သူများကလည်း ဖြေဆိုရန်လျှောက်လွှာတင်ထားကြောင်းသိရပါတယ်။
၎င်းကျောင်းသား/သူများကိုအောက်တိုဘာလမှ စတင်ကာ စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်ပေးလေ့ရှိပြီး စအနီးကပ်သင်ခန်းစာပို့ချချျိန်များဖြင့် ပြင်ဆင်ပေးလျက်ရှိသကဲ့သို့ လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးလေ့ရှိကြောင်းသိရပါတယ်။
Credit: Democracy