ကျောင်းစာကြည့်တိုက်များ သော့ခတ်မထားရန်နှင့် စာကြည့်တိုက်သို့သွားသည့်စနစ် အားပေးရန် ပညာရေးဝန်ကြီး ညွှန်ကြား

ကျောင်းစာကြည့်တိုက်များ သော့ခတ်မထားရန်နှင့် စာကြည့်တိုက်သို့သွားသည့်စနစ် အားပေးရန် ပညာရေးဝန်ကြီး ညွှန်ကြား

ကျောင်းစာကြည့်တိုက် များကို သော့ခတ်မထားရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်သွား၍ စာဖတ်ရှုလေ့လာသည့်စနစ်ကို အားပေးရန် ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးက စက်တင်ဘာပထမပတ်တွင် ညွှန်ကြားခဲ့သည်။

သြဂုတ် ၂၈ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ ၏ ရသစာပေစကားဝိုင်း၌ ပါဝင် ဆွေးနွေးသည့် ကျောင်းသူတစ်ဦး က စာကြည့်တိုက်များကို သော့ ခတ်ထားကြောင်း ဆွေးနွေးပြော ကြားသည်။

ခန်းမအတွင်း ရှိနေသူများကို တက္ကသိုလ်စာကြည့်တိုက်များ ထိုသို့ သော့ခတ်ထား၊ မထားအတိုင်ပင်ခံပုဂ္ဂိုလ်က မေးမြန်းပြီး နောက် ‘‘ပညာရေးဝန်ကြီးကိုရော၊ ပါချုပ်ကိုရော အခုကစပြောပါ မယ်။ စာအုပ်ဆိုတာ ဖတ်ဖို့ဖြစ် ပါတယ်။ သော့နဲ့ ခတ်ထားဖို့ မ ဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က မှာကြားသည်။

ထို့ကြောင့် ကျောင်းစာကြည့်တိုက်များကို သော့ခတ်ထားခြင်း၊ စာအုပ်များကို ဗီရိုထဲ သော့ခတ် ခြင်းများ မပြုလုပ်ဘဲ ကျောင်း သား၊ ကျောင်းသူများ ဖတ်ရှုလေ့ လာနိုင်ရေး စာကြည့်တိုက် စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ ကျောင်းများတွင် စာကြည့်တိုက်မရှိပါက စာအုပ်ဗီရိုတစ်ခု ထားပေးရန်၊ သုတရသစာအုပ်များ ထားပေးရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက် သွား၍ စာဖတ်ရှုလေ့လာသည့် စနစ်ကို အားပေးရန်  အချက်လေးချက်ကို ၀န်ကြီးရုံးက ညွှန်ကြား ထားသည်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်က ၀န် ကြီးကို တိုက်ရိုက်ညွှန်ကြားထား တာကို အသေးစိတ် ညွှန်ကြားချက် ထပ်ထုတ်တဲ့သဘောပါ။ တက္ကသိုလ်၊ ကောလိပ်တွေကို စာပြန်ဖြန့်ထားတာပေါ့’’ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

စာအုပ်ဟူသည် ဖတ်သူရှိမှ တန်ဖိုးရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ဖတ်ခွင့်ပေးရမည်ဖြစ် ကြောင်း၊ ဖတ်ရှုသူဘက်ကလည်း စာအုပ်ကို ရိုရိုသေသေကိုင်တွယ် ရမည်ဖြစ်သည်။

မူလတန်း ကျောင်းက စတင်ကာ ကျောင်းစာ ကြည့်တိုက်များကို ကျောင်းတိုင်း တွင် ထားရှိပေးရန်၊ အနည်းဆုံး စာအုပ်ဗီရိုတစ်ခုထားကာ စာဖတ် သည့်အလေ့အကျင့် ပျိုးထောင်ပေးရန်နှင့် တစ်ပတ်လျှင် တစ်ချိန် စာကြည့် တိုက်သွားချိန်ကို မဖြစ် မနေထားရှိရန် လိုကြောင်း၊ စာ ကြည့်တိုက်များ၌ လူအများ ဖတ်လိုသည့် စာအုပ်များ ထားရှိပေးရမည်ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရသစာပေစကားဝိုင်း၌ ပြောကြားခဲ့သည်။

စာကြည့်တိုက်များ အား ကောင်းစေရေး ပြန်ကြားရေးဝန် ကြီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းတို့ ပူးပေါင်းပြီး ရွေ့လျား စာကြည့်တိုက်များ တည်ထောင် ခြင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းတိုင်းတွင် ကျောင်းစာ ကြည့်တိုက်များ တည်ထောင်ခြင်း ကို ပြုလုပ်ပေးမည်ဟု ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။

၂၀၁၇ ဒီဇင်ဘာအထိ အခြေခံပညာဦးစီးဌာန စာရင်းများအရ တစ်နိုင်ငံလုံး၌ အခြေခံပညာ ကျောင်း ၄၇,၀၀၀ ခန့်ရှိသည့်အနက်  ထက်ဝက်ကျော်တွင် ကျောင်းစာကြည့်တိုက် မရှိပေ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 3897 times