တကၠသိုလ္တက္ရန္အခက္အခဲရွိသူမ်ားကို ပညာေရးဝန္ႀကီးဌာနက ပညာသင္ေထာက္ပံ့ေၾကးေပးမည္ဟု (၂၀၁၉) တကၠသိုလ္ဝင္ခြင့္လမ္းညႊန္တြင္ ေၾကညာထားသည္။
၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္ၿပီး ဒီဇင္ဘာတြင္တကၠသိုလ္ပထမႏွစ္ သင္တန္းတက္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ထုိတကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္သည္။
“တကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကးဆုေလွ်ာက္ဖို႔ ေလွ်ာက္လႊာကို တကၠသိုလ္ဝင္ခြင့္လမ္းညႊန္စာအုပ္ႏွင့္အတူ တဲြထည့္ေပးထားတယ္။
ပညာသင္ႏွစ္စၿပီဆိုရင္ တကၠသိုလ္ေတြမွာလည္း ထပ္ေၾကညာေပးပါတယ္” ဟု အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးကဆိုသည္။ ဆင္းရဲႏြမ္းပါးသျဖင့္ တကၠသိုလ္ပညာကို ဆက္လက္သင္ၾကားရန္ အခက္အခဲရွိသူမ်ားကို ႏွစ္စဥ္တစ္လလွ်င္ (၃၀,၀၀၀) က်ပ္ႏႈန္းျဖင့္ စာေမးပြဲက်ရံႈးျခင္းမရွိလွ်င္ ဘဲြ႔ရသည္အထိ တကၠသိုလ္ ပညာသင္ေထာက္ပံ့ေၾကးခ်ီးျမွင့္မည္ျဖစ္သည္
ပညာသင္ေထာက္ပံ့ေၾကးဆုေလွ်ာက္ထားလိုသူမ်ားသည္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာစာအိတ္တြင္ ပါရွိသည့္ ပညာသင္ေထာက္ပံ့ေၾကးဆုေလွ်ာက္လႊာကို မိမိေနထိုင္ေသာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ေပးပို႔ရမည္ျဖစ္ကာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက စိစစ္ေရြးခ်ယ္ၿပီး အဆင့္ျမင့္ပညာဦးစီးဌာန (ရန္ကုန္) သို႔ ေပးပို႔မည္ျဖစ္သည္။
Accountancy (222) စာရင္းကုိင္ႏွင့္ပက္သက္ျပီး သင္တန္း (၂၂၂) ခု ရွာရန္ႏွိပ္ပါ။
“ပညာေရးတကၠသိုလ္ေတြ၊ ေကာလိပ္ေတြမွာေတာ့ ေက်ာင္းသားတိုင္းကို တစ္လ သံုးေသာင္း ပညာသင္ေထာက္ပံ့ေၾကးအေနနဲ႔ ေပးတယ္။ တျခားတကၠသိုလ္ေတြကေတာ့ ေလွ်ာက္တဲ့သူထဲကစိစစ္ၿပီးေပးတာ” ဟု အဆင့္ျမင့္ပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကေျပာသည္။
Advertising & PR (8) ေၾကာ္ညာျခင္းႏွင့္ PR သင္တန္းႏွင့္ပတ္သက္ျပီးရွာရန္ ႏွိပ္ပါ။
အစိုးရကေပးအပ္ေသာ တကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကးကို စာေမးပဲြက်ရံႈးျခင္းမရွိလွ်င္ ဘဲြ႔ရသည္အထိခ်ီးျမွင့္မည္ျဖစ္ကာ စာေမးပဲြက်ရံႈးလွ်င္ ပညာသင္ေထာက္ပံ့ေၾကး ရပ္ဆိုင္းခံရမည္ျဖစ္သည္။
ထုိ႔ျပင္မိသားစုတစ္အိမ္ေထာင္လွ်င္ တစ္ဦးသာပညာသင္ေထာက္ပံ့ေၾကးခံစားခြင့္ရွိသည္။ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ယခင္ႏွစ္မ်ားတည္းက ယင္းပညာသင္ေထာက္ပံ့ေၾကးေပးအပ္ေသာ္လည္း သိရွိမႈနည္း၍ ေလွ်ာက္ထားသူနည္းပါးေၾကာင္းသိရသည္။
Source: 7Day News
**Unicode**
တက္ကသိုလ်တက်ရန်အခက်အခဲရှိသူများကို ပညာရေးဝန်ကြီးဌာနက ပညာသင်ထောက်ပံ့ကြေးပေးမည်ဟု (၂၀၁၉) တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ကြေညာထားသည်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဒီဇင်ဘာတွင်တက္ကသိုလ်ပထမနှစ် သင်တန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုတက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်သည်။
“တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆုလျှောက်ဖို့ လျှောက်လွှာကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်အတူ တွဲထည့်ပေးထားတယ်။
ပညာသင်နှစ်စပြီဆိုရင် တက္ကသိုလ်တွေမှာလည်း ထပ်ကြေညာပေးပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကဆိုသည်။ ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသူများကို နှစ်စဉ်တစ်လလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စာမေးပွဲကျရှုံးခြင်းမရှိလျှင် ဘွဲ့ရသည်အထိ တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်မည်ဖြစ်သည်
ပညာသင်ထောက်ပံ့ကြေးဆုလျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်တွင် ပါရှိသည့် ပညာသင်ထောက်ပံ့ကြေးဆုလျှောက်လွှာကို မိမိနေထိုင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စိစစ်ရွေးချယ်ပြီး အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်) သို့ ပေးပို့မည်ဖြစ်သည်။
Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၂၂) ခု ရှာရန်နှိပ်ပါ။
“ပညာရေးတက္ကသိုလ်တွေ၊ ကောလိပ်တွေမှာတော့ ကျောင်းသားတိုင်းကို တစ်လ သုံးသောင်း ပညာသင်ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။ တခြားတက္ကသိုလ်တွေကတော့ လျှောက်တဲ့သူထဲကစိစစ်ပြီးပေးတာ” ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကပြောသည်။
Advertising & PR (8) ကြော်ညာခြင်းနှင့် PR သင်တန်းနှင့်ပတ်သက်ပြီးရှာရန် နှိပ်ပါ။
အစိုးရကပေးအပ်သော တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးကို စာမေးပွဲကျရှုံးခြင်းမရှိလျှင် ဘွဲ့ရသည်အထိချီးမြှင့်မည်ဖြစ်ကာ စာမေးပွဲကျရှုံးလျှင် ပညာသင်ထောက်ပံ့ကြေး ရပ်ဆိုင်းခံရမည်ဖြစ်သည်။
ထို့ပြင်မိသားစုတစ်အိမ်ထောင်လျှင် တစ်ဦးသာပညာသင်ထောက်ပံ့ကြေးခံစားခွင့်ရှိသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်များတည်းက ယင်းပညာသင်ထောက်ပံ့ကြေးပေးအပ်သော်လည်း သိရှိမှုနည်း၍ လျှောက်ထားသူနည်းပါးကြောင်းသိရသည်။
Source: 7Day News