တက္ကသိုလ်ကျောင်းသားများ ချေးငွေရစေဖို့ ဆောင်ရွက်မယ်လို့ ဦးဖြိုးမင်းသိန်း ပြောကြား

တက္ကသိုလ်ကျောင်းသားများ ချေးငွေရစေဖို့ ဆောင်ရွက်မယ်လို့ ဦးဖြိုးမင်းသိန်း ပြောကြား

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ချေးငွေရရှိဖို့ ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ကျောင်းသားတွေ တက္ကသိုလ်တက်ရောက်နိုင်ရေးအတွက် မိဘတွေကို  မှီခိုဖို့ မလိုဘဲ ပညာသင်ယူနေတုန်းမှာ အလုပ်အကိုင်နဲ့ ချေးငွေတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့

ဘားကမ့်ရန်ကုန်မှာ လူငယ်တွေနဲ့ တွေ့ဆုံစဉ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားက မိဘဆီကနေ လက်ဖြန့်တောင်းရတာမျိုး မဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်လုပ်ရမှာဖြစ်ပြီး ချေးငွေစနစ်တွေရအောင်လုပ်မှာဖြစ်ကာ ဒီပုံစံမျိုးဖြစ်အောင်ြ

ကိုးပမ်းမှာဖြစ်တယ်လို့ ပြောထားပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ချေးငွေထုတ်ပေးမယ့် အစီအစဉ်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်က အသေးစိတ်ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

ပညာရေးအတွက် ချေးငွေထုတ်ပေးတာကို အစိုးရအနေနဲ့ ယခင်က လုပ်ဆောင်ခဲ့တာမရှိဘဲ မြန်မာ့ရှေ့ဆောင်ဘဏ်က မြန်မာကျောင်းသားတွေ ပြည်တွင်းနဲ့ ပြည်ပမှာ ဘွဲ့ကြိုနဲ့ဘွဲ့လွန်ပညာ

သင်ယူဖို့ အတိုးမဲ့ချေးငွေကို ၂၀၁၃ က ပထမဦးဆုံး ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။

အဆင့်မြင့်ပညာကို သင်ပြီးတော့ အလုပ်လက်မဲ့ဖြစ်နေတာကို အခုကြုံနေရပြီး ကျောင်းသားတစ်ယောက်ဟာ ပညာရေးအပြင် အလုပ်အကိုင်နဲ့ဆိုင်တာကိုပါ တစ်ပါတည်း သင်လို့ရတာမျိုး

ဖန်တီးမှာ ဖြစ်တယ်လို့လည်း  ဝန်ကြီးချုပ်က ပြောကြားပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ တက္ကသိုလ်ကျောင်းတွေမှာ အဆောင်တွေတည်ဆောက်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းတဲ့ စီးပွားရေးပုံစံအဖြစ်

လက်ရှိကောက်ခံနေတဲ့ အဆောင်ခ ငါးထောင်ကျပ်၊ ခြောက်ထောင်ကျပ်အစား သုံးသောင်းကျပ်၊ သုံးသောင်းခွဲကျပ်အဖြစ် ပြောင်းလဲကောက်ခံဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

ကျောင်းသားတွေကို ကျောင်းမှာပဲနေစေချင်ပြီး  အဝန်းအဝိုင်းလေးတစ်ခုမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တယ်ဆိုတာ ဖြစ်စေချင်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။

Photo & Source : duwun

News Read 4753 times